Connect with us

CHINA

တရုတ်နိုင်ငံ ဝူဟန့်မြို့အား ဝင်ထွက်သွားလာခွင့်ပြုသည့် ပထမဆုံးနေ့တွင် အများပြည်သူသယ်ယူပို့ဆောင်ရေး အသုံးပြု ခရီးသည် ၆၂၀,၀၀၀ ကျော်ရှိ

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ရထားခရီးစဉ်ဖြင့် ခရီးသွားမည့်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့အား ၇၆ ရက်ကြာ ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားရာမှ ဖြေလျှော့ပေးလိုက်သည့် ပထမဆုံးနေ့ဖြစ်သော ဧပြီ ၈ ရက်တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးကို အသုံးပြုသည့် ခရီးသည် အရေအတွက် ၆၂၀,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ 

ဧပြီ ၈ ရက်တွင် ပြင်ပခရီးသွားလာခွင့် ကန့်သတ်ချက်များ  ဖြေလျှော့ပြီးနောက် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် တောင်းဆိုချက်များကြောင့် ဘတ်စ်ကားနှင့် ရေလမ်းခရီး ၃၄၆ ခု၊ မြေအောက်ရထားလိုင်း ၇ ခုနှင့် အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း ပြန်လည်စတင်ခဲ့ကြောင်း ဝူဟန့်မြို့၏ သယ်ယူပို့ဆောင်ရေးဌာနက ပြောကြားခဲ့သည်။

ဧပြီ ၈ ရက် သန်းခေါင်ယံအချိန်မှ ညနေ ၅:၀၀ နာရီအထိ ဘတ်စ်ကား အသုံးပြုသူ ၁၈၄,၀၀၀ ဦး၊ မြေအောက်ရထား အသုံးပြုသူ ၃၃၆,၃၀၀ ဦးနှင့် အငှားယာဉ်များ အသုံးပြုသူ ၁၀၄,၀၀၀ ဦးဖြင့် ခရီးသည် စုစုပေါင်း ၆၂၄,၃၀၀ ဦးက အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးကို အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

ထို့ပြင် မြို့တွင်းသို့ ဝင်ထွက်သွားလာသည့် ခရီးသည်အရေအတွက်မှာလည်း ဧပြီ ၈ ရက်က မြင့်တက်ခဲ့ပြီး ရထား၊ လေကြောင်းနှင့် ဘတ်စ်ကား စသည့်ခရီးစဉ်များ အသုံးပြု၍ ခရီးသည် ၅၂,၀၀၀ ဦး ဝူဟန်မြို့မှ ထွက်ခွာခဲ့ကာ ခရီးသည် ၃၁,၀၀၀ ဦး မြို့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။  (Xinhua)