ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကိုဗစ်ကာကွယ်ထိုးနှံထားခြင်းမရှိသည့် သူလူအုပ်စုသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှု သို့မဟုတ် သေဆုံးနိုင်မှုသည် ၁၅ ဆ ပို၍ မြင့်မားကြောင်း ဩစတြေးလျနိုင်ငံ နယူးဆောက်သ် ဝေးလ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပေကျင်း၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အောက်တိုဘာ ၂၈ ရက်မှစ၍ အသက် ၃ နှစ်မှ ၁၁ နှစ်အရွယ်လူအုပ်စုအား ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံသည့်လူအုပ်စုတွင် စာသင်သားအရွယ် ကျောင်းသားကျောင်းသူများ၊ ကျောင်းပြင်ပနေ လူအုပ်စုများ ပါဝင်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူသူသည် အသက် ၃ နှစ်ပြည့်ရမည်ဖြစ်ကြောင်း...
ပေကျင်း၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု၊ ဆောင်းဦး၊ဆောင်းရာသီရောက်ရှိခြင်းနှင့်အတူ ကပ်ရောဂါကူးစပ်ပြန့်ပွားသည့်အန္တရာယ်ဆိုးဝါးလာသည်။
ဘန်ဒါဆရီဘီဂါဝန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်တို့သည် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက်၏ ကနဦး အကောင်အထည်ဖော်မှု အပါအဝင် COVID-19 ကပ်ရောဂါဘေးမှ ဒေသပြန်လည်နလံထူနိုင်ရေးအတွက် ကူညီပေးရန် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်သွားရေးအတွက် အောက်တိုဘာ ၂၆ ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။
မနန်မာ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ဘရိန်းနိုင်ငံအတွင်းရှိ အသက် ၃ နှစ် မှ ၁၁ နှစ် အရွယ်ကြား ကလေးများအားလုံးကို Sinopharm ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း ဘာရိန်းနိုင်ငံကျန်းမာရေးအာဏာပိုင်များကအောက်တိုဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊အောက်တိုဘာ ၂၁ရက်(ဆင်ဟွာ) ကိုယ်ခံအား အတားအဆီး ပိုမို ခိုင်မာစေဖို့ လက်ရှိ တရုတ်နိုင်ငံ ပေကျင်းမြို့ ဒေသအသီးသီးတွင် အားဖြည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ စတင်လျက်ရှိကြောင်း သိရသည်။ လက်ရှိအဆင့်တွင် ရောဂါကူးစက်ပြန့်ပွားနိုင်မှုအန္တရာယ်မြင့်မားသည့် အဓိက လူအုပ်စုများကို ဦးတည်၍ လုပ်ငန်းဌာနအသီးသီးမှတစ်ဆင့် တစ်စုတစ်စည်းတည်း ကာကွယ်ဆေးထိုးနှံရန် စီစဉ်ပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံထားသည့်အချိန်ကြာလာသည်နှင့်အမျှ အချို့ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ကိုယ်ခံအားလျော့နည်းလာခြင်းကြောင့်...
ပေကျင်း ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ အတွင်းမွန်ဂိုလီးယား ၊ ကန်းစု ၊ ဆန်ရှီး နှင့် နင်းရှ အပါအဝင် ပြည်နယ်အဆင့် ဒေသ ၄ ခုသို့ ဒေသတွင်း COVID-19 ရောဂါ တုန့်ပြန်သည့် ကြိုးပမ်းအားထုတ်မှုများအား လမ်းညွှန်ရန် အလုပ်အဖွဲ့များအား စေလွှတ်ခဲ့ကြောင်း...
ဘဂ္ဂဒတ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၏ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးတွင် တွန်းအားပေးရန် တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ်ကို အီရတ်နိုင်ငံက ကြာသပတေးနေ့တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကိုဗစ်-၁၉ (COVID-19) ကာကွယ်ဆေးအသစ်များ ကမ္ဘောဒီးယားနိုင်ငံသို့ အောက်တိုဘာ ၁၄ ရက်က ထပ်မံရောက်ရှိလာခဲ့ပြီး ကမ္ဘောဒီးယားအနေဖြင့် ယခုနှစ်မကုန်မီ နယ်မြေအားလုံး၌ လူမှု-စီးပွားရေးလှုပ်ရှားမှုများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ “တရုတ်နိုင်ငံ အစိုးရက ကမ္ဘောဒီးယားနိုင်ငံ...
ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တရုတ်ဆေးဝါးကုမ္ပဏီ Sinopharmမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အသက် ၃ နှစ် မှ ၁၁ နှစ်ကြားကလေးများအတွက် အရေးပေါ်အသုံးပြုရန် အဂျင်တီးနား နိုင်ငံက မကြားသေးမီတွင် အတည်ပြုခဲ့သည်။