Connect with us

CHINA

တရုတ်နိုင်ငံက ကမ္ဘာ့ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် UN, WHO တို့၏ အခန်းကဏ္ဍများကို ထောက်ခံလျက်ရှိကြောင်း သမ္မတ ရှီပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban တို့ ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်က တရုတ်နိုင်ငံ၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ကုလသမဂ္ဂ (UN) ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့၏ အခန်းကဏ္ဍများကို ခိုင်မာစွာထောက်ခံကြောင်း မေ ၁၅ ရက်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်သည် ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် တရုတ်နိုင်ငံက ပူးတွဲ ကာကွယ် ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများ ထိထိရောက်ရောက် လုပ်ဆောင်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့မှုကို ပြတ်ပြတ်သားသား ထိန်းချုပ်ရန် ဟန်ဂေရီနိုင်ငံနှင့် အခြား နိုင်ငံတကာ အသိုင်းအဝိုင်း အဖွဲ့ဝင်နိုင်ငံများနှင့်အတူတကွ လုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါကြောင့် ပေါ်ပေါက်လာသော ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုများကို ပူးတွဲရင်ဆိုင်ရန် မက်ခရိုစီးပွားရေး မူဝါဒညှိနှိုင်းမှု ခိုင်မာစေရေးအတွက် ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်သွားရန် ရှီက တိုက်တွန်းပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.