Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအရေအတွက် အစစ်အမှန်သည် ဖော်ပြပမာဏထက် ၆ ဆမှ ၂၄ ဆ အထိ မြင့်မားနိုင်ဖွယ်ရှိကြောင်း CDC လေ့လာမှုကဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းခရိုင်ရှိ COVID-19 စစ်ဆေးရေးစင်တာတွင် ရောဂါစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

 အမေရိကန်နိုင်ငံရှိတွင် COVID-19 ဖြစ်ပွားမှုအရေအတွက် အစစ်အမှန်သည် ဖော်ပြထားသည့်ပမာဏထက် ၆ ဆမှ ၂၄ ဆအထိ မြင့်တက်နိုင်ဖွယ်ရှိကြောင်း ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သော လေ့လာမှုအသစ်အရ သိရသည်။ 

ကြွင်းကျန်သော လက်တွေ့စမ်းသပ်မှုနမူနာ ၁၆,၀၂၅ ခုကို စံနမူနာလေ့လာမှုပြုလုပ်ခဲ့ရာတွင် SARS-CoV-2 ပဋိပစ္စည်းတွေ့ရှိသူအရေအတွက်အချိုးအစားမှာ ဆန်ဖရန်စစ္စကို အနီးပတ်ဝန်းကျင်နယ်မြေတွင် ၁ ရာခိုင်နှုန်းမှ နယူးယောက်မြို့တွင် ၆.၉ ရာခိုင်နှုန်းအထိ ရှိသည်ကို တွေ့ရှိခဲ့သည်။ 

အဆိုပါ လေ့လာမှုသည် အသက်အရွယ်အမျိုးမျိုးရှိ လူများထံမှ ရယူထားသော သွေးရည်ကြည်နမူနာများကို သိပ္ပံနည်းကျစမ်းသပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သွေးရည်ကြည်များအား ဓာတ်ခွဲခန်းနှစ်ခုမှ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် မတ် ၂၃ ရက်မှ မေ ၁၂ ရက်အထိ စုဆောင်းရယူထားခြင်းဖြစ်သည်။ 

“စစ်ဆေးမှုရလဒ်တွေအရ လေ့လာမှုကာလတစ်လျှောက်လုံး ရောဂါကူးစက်မှု အရေအတွက်ဟာ ဖော်ပြထားတာထက် များစွာမြင့်မားနိုင်တယ်” ဟု JAMA Internal Medicine တွင် ထုတ်ပြန်သော လေ့လာမှု၌ ဖော်ပြထားသည်။ဒေသအများစုတွင် SARS-CoV-2 ကူးစက်မှုများသည် COVID-19 အတည်ပြုပမာဏထက် ၁၀ ဆကျော် ရှိနိုင်ကြောင်း လေ့လာမှုက ဆိုသည်။COVID-19 ဖြစ်ပွားမှုသတင်းအချက်အလက်ထက် ရောဂါပိုးတွေ့ရှိသူများရှိရာဒေသတစ်ခုစီတွင် ရောဂါကူးစက်မှုများသည် ၆ ဆမှ ၂၄ ဆကျော်အထိရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း လေ့လာမှုအရ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.