Connect with us

WORLD

ဇင်ဘာဘွေ နိုင်ငံ သမ္မတ က ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရန် lockdown အား ပိုမိုတင်းကျပ်စွာ ဆောင်ရွက် သွားမည် ဟု ကြေညာ

ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa အား မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ဟာရာရီ ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa က ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရန် lockdown လုပ်ဆောင်မှုအား ပိုမိုတင်းကျပ်စွာ ဆောင်ရွက် သွားမည် ဟု ဇူလိုင် ၂၁ ရက် တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံ သမ္မတသည် ဇူလိုင် ၂၁ ညပိုင်းက  နိုင်ငံမြို့တော် ဟာရာရီ ရှိ သမ္မတ အိမ်တော် မှနေ၍ ပြည်သူလူထု အား ရုပ်မြင်သံကြား မှ တဆင့် မိန့်ခွန်းပြောကြားရာတွင်  lockdown အစီအစဉ်ကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၂၁ ရက် ညပိုင်း အချိန်ထိ ဇင်ဘာဘွေ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ၁,၈၂၀ ဦး နှင့်  သေဆုံးသူ ၂၆ ဦး ရှိကြောင်း ၊ ရောဂါသက်သာပျောက်ကင်းသူ  ၄၈၈ ဦး ရှိကြောင်း ၊ ဇင်ဘာဘွေ နိုင်ငံ ၏ ရောဂါကူးစက်မှု သည် ပြည်တွင်း ကူးစက်မှုထက် ပြည်ပ မှ ဝင်ရောက်လာသူများမှတဆင့် ကူးစက်မှုက ပိုမိုများပြားကြောင်း ၊ ဇင်ဘာဘွေ နိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ဈေးဆိုင်များသည် နေ့စဉ် မနက် ၉ နာရီ မှ မွန်းလွဲ ၃ နာရီ အထိ သာ ရောင်းချခွင့်ပြုကြောင်း နှင့် ကျောင်းစာသင်ကြားမှုကို အင်တာနက် မှ တစ်ဆင့် ပို့ချပေးနေပြီး  မလိုအပ်သော ခရီးသွားလာခြင်းများ ကန့်သတ်ထားကြောင်း သိရသည်။   (Xinhua)