Connect with us

WORLD

တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၃၂,၇၇၈ ဦး ရှိဟု WHO ပြောကြား  

အီတလီနိုင်ငံ ရောမမြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၁၁ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၃၂,၇၇၈ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၁၀ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ  သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါဖြစ်ပွားမှု နေ့စဉ် အစီရင်ခံချက်များအရ မတ် ၁၀ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီအထိ တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာ သည် ပြီးခဲ့သောရက်ကထက် ၄,၁၀၅ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၃၂,၇၇၈ ဦး ရှိပြီဖြစ် ကြောင်း နှင့်ထပ်ထိုးသေဆုံးသူ  ၁၈၆ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၈၇၂ ဦး ရှိပြီဖြစ်ကြောင်း သိရ သည်။တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ရောဂါဖြစ်ပွားသူသည် ပြီးခဲ့သောရက်ကထက် ၄,၁၂၅ ဦး ထပ်တိုးလာရာ စုစုပေါင်း အတည်ပြုလူနာ ၁၁၃,၇၀၂ ဦး ရှိကြောင်းနှင့် ထပ်တိုးသေဆုံးသူ ၂၀၃ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၄,၀၁၂ ဦး ရှိကြောင်း သိရသည်။(Xinhua)