Connect with us

WORLD

အီရတ်နိုင်ငံတွင် COVID-19 လူနာ ၁၅ ဦး ရောဂါပြန်လည်သက်သာလာ

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင် ပိုးသတ်ဆေးဖျန်းထားသောအခန်းအတွင်း၌ အမျိုးသားတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ခံရသူ ၁၅ ဦးသည် ရောဂါမှ ပြန်လည်သက်သာလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၀ ရက်၌ ကြေညာလိုက်သည်။

ရောဂါသက်သာပျောက်ကင်းသွားသူများအနက် ၁၁ ဦးမှ မြို့တော် ဘဂ္ဂဒတ်မှ ဖြစ်ပြီး အခြားသူ လေးဦးမှာ နိုင်ငံမြောက်ပိုင်း ကာကွွတ်ပြည်နယ်မှဖြစ်ကြောင်း သတင်းကြေညာချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။အီရတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူ ၆၆ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။အီရတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအတွက် တရုတ်နိုင်ငံမှ အကူအညီတစ်စိတ်တစ်ပိုင်းအဖြစ် တရုတ် ကျွမ်းကျင်သူများအဖွဲ့ ဘဂ္ဂဒတ်မြို့သို့ မတ် ၇ ရက်ညက ရောက်ရှိလာခဲ့သည်။

အီရတ်နိုင်ငံသို့ စေလွှတ်သော အဆိုပါ တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့တွင် တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ ကျွမ်းကျင်ပညာရှင် ၇ ဦးပါဝင်ကြောင်း သိရသည်။၎င်းအဖွဲ့သည် ရောဂါစမ်းသပ်ခြင်း၊ ကုသခြင်းနှင့် နောက်ဆက်တွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းကဲ့သို့သော အစိုးရ၏ COVID-19 ကိုင်တွယ်ဖြေရှင်းရေးကို အကူအညီပေးရန် အီရတ်နိုင်ငံတွင် တစ်လကြာနေထိုင်မည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.