Connect with us

WORLD

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုး၏ ဇနီးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ထုတ်ပြန်

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးနှင့် ဇနီးအား တွေ့ရစဉ် (ဆင်ဟွာ)

တိုရန်တို၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) ၏ ဇနီးတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုးတွေ့ရှိကြောင်း ဝန်ကြီးချုပ်ရုံးက မတ် ၁၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

“ကျန်းမာရေး အကြံပြုချက်တွေအတိုင်း သူမကို လက်ရှိမှာ သီးသန့်ခွဲပြီးစောင့်ကြည့်သွားမှာပါ” ဟု ကြေညာချက်၌ ပြောကြားထားပြီး ဝန်ကြီးချုပ်ကိုယ်တိုင်တွင်မူ COVID-19 ရောဂါလက္ခဏာပြသခြင်း မတွေ့ရှိရကြောင်း သိရသည်။

“ကြိုတင်ကာကွယ်မှုအဖြစ် ဆရာဝန်တွေရဲ့ အကြံပြုချက်အတိုင်း သူ (ဝန်ကြီးချုပ်) လည်း စီစဉ်ထားတဲ့အတိုင်း ၁၄ ရက် သီးသန့်ခွဲနေမှာဖြစ်ပါတယ်” ဟု ကြေညာချက်အရ သိရသည်။

ကနေဒါနိုင်ငံတွင် မတ် ၁၂ ရက်အထိ အနည်းဆုံး ရောဂါဖြစ်ပွားသူ ၉၃ ဦးရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်း သိရသည်။  (Xinhua)