Connect with us

WORLD

အမေရိကန်နိုင်ငံက ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး စမ်းသပ်ရာတွင် အစမ်းခံသူများ၌ ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပွား

အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါ ဖြစ်ပွားနေစဉ် လူများ သွားလာလှုပ်ရှားနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Pfizer ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီ က စက်တင်ဘာ ၁၅ ရက် ၌ ၎င်း တို့ ကုမ္ပဏီ နှင့် ဂျာမနီ နိုင်ငံ ဇီဝနည်းပညာ ကုမ္ပဏီ တို့ ပူးပေါင်း တီထွင်ထုတ်လုပ်သော COVID-19 ရောဂါ ကာကွယ်ဆေး အား တတိယ အဆင့် လူ၌ စမ်းသပ်မှု ပြုလုပ်ရာ တွင် အချို့သော ပါဝင် စမ်းသပ်ခံသည့် စေတနာ့ဝန်ထမ်းများသည် အနည်းငယ် မှ အလယ်အလတ် အဆင့်ရှိသော ဘေးထွက်ဆိုးကျိုးလက္ခဏာ များ တွေ့ရှိ ခဲ့ရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Pfizer ကုမ္ပဏီ က စမ်းသပ်မှု တွင် ပါဝင်သည့် စေတနာ့ဝန်ထမ်းအချို့သည် ကာကွယ်ဆေး ထိုးပြီး နောက် အားအင်ကုန်ခမ်းခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ချမ်းအေးခြင်း နှင့် ကြွက်သားနာကျင်ကိုက်ခဲခြင်း စသည့် လက္ခဏာများ ဖြစ်ပွား ခဲ့ကြောင်း ၊  အချို့က  အဖျားလက္ခဏာ ဖြစ်ပေါ်ခဲ့ကြောင်း နှင့် အချို့က ကိုယ်အပူချိန် လွန်စွာ မြင့်တက်လာခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

Pfizer ကုမ္ပဏီ ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှု တာဝန်ခံ က ကုမ္ပဏီ အနေဖြင့် စမ်းသပ်မှု ပြုလုပ်ရာ တွင် Blinded experiment စနစ် ကို အသုံးပြု ခဲ့သောကြောင့် မည်သည့် စေတနာ့ဝန်ထမ်း အစမ်းသပ်ခံသူများထံတွင် ဘေးထွက်ဆိုးကျိုး ဖြစ်ပွားခဲ့သည်ကို မခွဲခြားနိုင်ကြောင်း ၊ စမ်းသပ်မှု အား စောင့်ကြည့်လေ့လာသည့် ကော်မတီ တွင် ကိန်းကဏာန်း အတိအကျရှိပြီး ၎င်း အတို့အနေဖြင့် လုံခြုံရေး အရ စိုးရိမ်ဖွယ် ရှိပါက ကုမ္ပဏီ အား အကြောင်းကြားမည်ဖြစ်ကြောင်း နှင့်  လက်ရှိချိန်ထိ အကြောင်းကြားခြင်း မရှိသေးကြောင်း ပြောကြား ခဲ့သည်။

သတင်းဖော်ပြချက်များအရ Pfizer ကုမ္ပဏီ ၏ ကာကွယ်ဆေး တတိယ အဆင့် စမ်းသပ်မှု တွင် စေတနာ့ဝန်ထမ်း လုပ်အားပေးပေါင်း ၃ သောင်း ပါဝင် စမ်းသပ်ရန် စီစဉ်ထားပြီး လက်ရှိချိန်တွင် လူပေါင်း ၂၉,၀၀၀ ကျော် ကိုစုစည်းထားပြီးဖြစ်ကြောင်း ၊  လူပေါင်း ၁၂,၀၀၀ ကျော် က ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးခဲ့ပြီး ဖြစ်ကြောင်း ၊ Pfizer ကုမ္ပဏီ နှင့် ဂျာမနီ ကုမ္ပဏီ တို့ က လတ်တလော ရက်ပိုင်း တွင် ကာကွယ်ဆေး စမ်းသပ်မှု တွင် ပါဝင်ကြရန် ကျယ်ပြန့်စွာ ကြော်ငြာမှုများ ပြုလုပ် ခဲ့ပြီး အဆိုပါစေတနာ့ဝန်ထမ်းများထဲတွင် အသက် အငယ်ဆုံးသူ အနေဖြင့် ၁၆ နှစ် သားအထိပါဝင်ကြောင်း  ၊  ထို့ပြင် ကာကွယ်ဆေး စမ်းသပ်မှု တွင် HIV ရောဂါ ကူးစက်ခံထားရသူ နှင့် ဘီပိုး ကူးစက်ခံထားရသူများလည်း ပါဝင်ကြောင်း ၊ ၎င်း တို့ အနေဖြင့် တတိယ အဆင့် စမ်းသပ်မှု တွင် လူပေါင်း ၄၄,၀၀၀ ကို စမ်းသပ်မှု ပြုလုပ်သွားရန် ထပ်မံ စီစဉ်ခဲ့ပြီး စမ်းသပ်မှု ရလဒ် ကို အောက်တိုဘာ လကုန် တွင် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)