Connect with us

WORLD

တရုတ်နိုင်ငံ မှ ထုတ်လုပ်သော COVID-19 ရောဂါ ကာကွယ်ဆေးသစ် က လုံခြုံပြီး ထိရောက်မှုရှိကြောင်း အီဂျစ်နိုင်ငံ ဆေးပညာရှင် ပြောကြား

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ပြည်သူများ နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အီဂျစ်နိုင်ငံ ဆရာဝန်များ အဖွဲ့ အတွင်းရေးမှူးချုပ် Osama Abdel Hay က ဒီဇင်ဘာ ၂၈ ရက်တွင် ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှုအား ဖြေကြားရာ၌ တရုတ်နိုင်ငံ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးသစ် က လုံခြုံထိရောက်ပြီး အသုံးပြုရန် လွယ်ကူကြောင်း ပြောကြားခဲ့သည်။

Abdel Hay က တရုတ်နိုင်ငံ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးသည် ရိုးရာနည်းပညာကို အသုံးပြုခဲ့ပြီး ထုတ်လုပ်မှုအပိုင်းတွင်လည်း အကျွမ်းဝင်မှု ၊ လုံခြုံမှု နှင့် ယုံကြည်မှုရှိကြောင်း ၊ အချို့နိုင်ငံများမှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးများသည် အပူချိန် အနုတ် ၇၀ ဒီဂရီစတင်တီဂရိတ် တွင် ထိန်းသိမ်းရမည်ဖြစ်မည် ဖြစ်ပြီး အချို့သော ကာကွယ်ဆေးများသည် ထုတ်လုပ်ပြီးနောက် တစ်ပတ်မှ နှစ်ပတ်အတွင်း အသုံးပြုရမည်ဖြစ်သောကြောင့် ကာကွယ်ဆေး၏ ထုတ်လုပ်မှု ၊ သယ်ယူပို့ဆောင်မှု ၊ သိုလှောင်မှု တို့တွင် အခက်အခဲများစွာရင်ဆိုင်ရမည်ဖြစ်ကာ အချို့နိုင်ငံများအတွက် ယင်း ပြဿနာ အား ဖြေရှင်းနိုင်စွမ်း မရှိကြောင်း ၊ ထို့ကြောင့် တရုတ်နိုင်ငံ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးသည် အီဂျစ် နိုင်ငံ နှင့် ပိုမိုသင့်လျော်ပြီး အီဂျစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် အမြန်ဆုံး တရုတ်ကာကွယ်ဆေးအား ထိုးနှံကြရန် အကြံပြုကြောင်း ပြောကြား ခဲ့သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ပြည်သူများ နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ယူအေအီး နိုင်ငံ မှ အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ထံ ထောက်ပံ့ပေးသည့် တရုတ်နိုင်ငံ မှ တီထွင်ထုတ်လုပ်သော COVID-19 ရောဂါ ကာကွယ်ဆေးများသည် ဒီဇင်ဘာ ၁၀ ရက် ညပိုင်းအချိန်တွင် ကိုင်ရို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။ အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Hala Zayed ၊ အီဂျစ်နိုင်ငံဆိုင်ရာ ယူအေအီးနိုင်ငံ သံရုံး ယာယီတာဝန်ခံ ၊ အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး တို့ က ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ပြည်သူများ နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ပြည်သူများ နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Hala Zayed က လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် ပြောကြားရာ၌ တရုတ်နိုင်ငံ မှ COVID-19 ရောဂါ ကာကွယ်ဆေး ပထမ အသုတ်သည် အီဂျစ်နိုင်ငံ သို့ ရောက်ရှိလာခြင်းမှာ သမိုင်းဝင် အချိန်အခါတစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ မှ ကာကွယ်ဆေး သည် လုံခြုံမှု ရှိကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ နောက်ဆုံးအရေးပေါ် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် အီဂျစ်နိုင်ငံ ဆရာဝန်များ အဖွဲ့ အတွင်းရေးမှူးချုပ် Osama Abdel Hay က တွေ့ဆုံမေးမြန်းမှုအတွင်း အီဂျစ်နိုင်ငံ ၌ လတ်တလောရက်ပိုင်းအတွင်း COVID-19 ရောဂါ ကူးစက်မှုသည် လျင်မြန်စွာ တိုးမြင့်လာခဲ့ပြီး သက်ဆိုင်ရာ အစိုးရ ဌာန နှင့် ပြည်သူများအနေဖြင့် သတိကြီးစွာ ထားရှိရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။ (Xinhua)

—————————————–
(Chinese Version)
(国际疫情)埃及专家认为中国产新冠疫苗安全有效

  新华社开罗12月28日电(记者吴丹妮 艾哈迈德•沙菲克)埃及医生联合会秘书长乌萨马•阿卜杜勒-哈伊28日接受新华社记者采访时表示,中国研制生产的新冠疫苗安全有效,易于使用。
  阿卜杜勒-哈伊说,中国产的灭活新冠疫苗使用了传统技术,生产工艺较成熟,安全性、可信度较高。
  他说,部分国家研发的新型核酸疫苗须在零下70摄氏度条件下保存,一些疫苗还要在生产后一至两周内使用,这意味着疫苗的生产、运输和储存都面临不少实际困难,一些国家尚无能力应对这些问题。因此,中国产新冠疫苗更适合埃及使用,建议埃及的医护人员尽快接种。
  12月10日晚,由阿联酋方面向埃及卫生部提供的中国新冠肺炎疫苗运抵开罗国际机场。埃及卫生部长哈拉•扎耶德、阿联酋驻埃及临时代办玛丽亚姆•卡比在机场举行交接仪式,中国驻埃及大使廖力强出席。哈拉•扎耶德在现场举行的新闻发布会上表示,首批中国疫苗的到来对埃及来说是历史性时刻,中国疫苗是安全的,已获得埃及卫生部的最终紧急批准。
  阿卜杜勒-哈伊28日还指出,埃及近几日新增确诊病例快速增加,政府部门和民众仍需提高警惕。(完)

Photo
新华社照片,开罗,2020年9月8日
(国际疫情)埃及新冠确诊病例累计超10万例
9月7日,人们在埃及首都开罗街头戴口罩出行。
埃及卫生部7日晚报告新增新冠确诊病例178例,累计确诊病例已突破10万例,达100041例;新增死亡病例11例,累计死亡5541例。
新华社发(艾哈迈德•戈马摄)