Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၁၀,၆၇၆,၈၃၈ ဦးအထိ ရောက်ရှိလာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဓနသဟာယအားကစားရွာတွင် အသစ်ဖွင့်လှစ်ထားသော COVID-19 စောင့်ရှောက်ရေးစင်တာ၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၉,၁၀၂ ဦးရှိလာခဲ့ရာ ဇန်နဝါရီ ၂၆ ရက်အထိ COVID-19 အတည်ပြုလူနာအရေအတွက်မှာ ၁၀,၆၇၆,၈၃၈ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးရအချက်အလက်အရ သိရသည်။

အဆိုပါ အရေအတွက်သည် လပေါင်းများစွာအတွင်း ပထမဆုံးနေ့အဖြစ် နေ့စဉ်ရောဂါပိုးတွေ့ရှိမှု အရေအတွက်သည် ၁၀,၀၀၀ အောက်သို့ လျော့ကျလာသည့် နေ့ရက်လည်း ဖြစ်သည်။တရားဝင်အချက်အလက်အရ ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းမှစ၍ COVID-19 လူနာ ၁၁၇ ဦး သေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူဦးရေမှာ ၁၅၃,၅၈၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ COVID-19 လူနာ ၁၀,၃၄၅,၉၈၅ ဦးမှာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှ ဆင်းခွင့်ရရှိခဲ့ပြီး လက်ရှိတွင် ရောဂါဖြစ်ပွားသူ ၁၇၇,၂၆၆ ဦးရှိနေဆဲဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ် ဇန်နဝါရီ ၂၀ ရက်သည် အိန္ဒိယနိုင်ငံတွင် ခုနှစ်လအတွင်း COVID-19 ဖြစ်ပွားမှု အရေအတွက် ၂၀၀,၀၀၀ အောက် ရောက်ရှိလာသည့် ပထမဆုံးနေ့လည်း ဖြစ်သည်။

ထို့ပြင် ဇန်နဝါရီလ ၁၆ ရက်သည် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း စတင်ပြုလုပ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အရေးပါသော နေ့တစ်နေ့ ဖြစ်သည်။ နိုင်ငံတစ်ဝန်း အဓိကအားဖြင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လူပေါင်း ၂ သန်းနီးပါး ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်သည်။

ထို့ပြင် အစိုးရက COVID-19 ရောဂါစစ်ဆေးရန် အဆောက်အအုံများကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ရောဂါစစ်ဆေးမှုပေါင်း သန်း ၁၉၀ ကျော်ထိ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၅ ရက်အထိ ရောဂါစစ်ဆေးမှု ၁၉၃,၀၆၂,၆၉၄ ခုကို စစ်ဆေးခဲ့သလို ဇန်နဝါရီ ၂၅ ရက် တစ်ရက်တည်းတွင် စစ်ဆေးမှုပေါင်း ၇၂၅,၅၇၇ ခု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယ ကျန်းမာရေးသုတေသန (ICMR) က ထုတ်ပြန်သည့် နောက်ဆုံးရအချက်အလက်၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအများဆုံးအနက် တစ်နေရာဖြစ်သော ဒေလီမြို့တော်၌လည်း လပေါင်းများစွာအတွင်း ရောဂါဖြစ်ပွားမှု အရေအတွက် အဆင့်ဆင့်လျော့ကျလာသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေလီမြို့၌ ရောဂါဖြစ်ပွားမှုအသစ် ၁၄၈ ဦးနှင့် သေဆုံးသူ ၅ ဦးရှိခဲ့ကြောင်း သိရသည်။

နယူးဒေလီမြို့တွင် COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၁၀,၈၁၃ ဦးရှိကြောင်း ဒေလီ ကျန်းမာရေးဦးစီးဌာနက အတည်ပြုခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ကာကွယ်ဆေးအမျိုးအစားနှစ်ခုကို လူအများထိုးနှံရန် ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)

India’s COVID-19 tally rises to 10,676,838 with 9,102 new cases

NEW DELHI, Jan. 26 (Xinhua) — India’s COVID-19 tally rose to 10,676,838 on Tuesday as 9,102 new cases were registered during the past 24 hours, according to the latest data from the health ministry.
This is the first day in several months when the number of new cases registered in a day fell below the 10,000-mark.
According to the official data, the death toll mounted to 153,587 as 117 COVID-19 patients died since Monday morning.
There are still 177,266 active cases in the country, while 10,345,985 people have been discharged so far from hospitals after medical treatment. Last week, Wednesday was the first day in nearly seven months when the number of the active COVID-19 cases in the country fell below the 200,000-mark.
Jan. 16 was a crucial day in India’s fight against the pandemic as the nationwide vaccination drive was kicked off during the day. So far nearly 2 million people, mainly health workers, have been vaccinated across the country.
Meanwhile, the federal government has ramped up COVID-19 testing facilities across the country, as over 190 million tests have been conducted so far.
As many as 193,062,694 tests have been conducted till Monday, out of which 725,577 tests were conducted on Monday alone, said the latest data issued by the Indian Council of Medical Research (ICMR) on Tuesday.
The national capital Delhi, which has been one of the most COVID-19 affected places in the country, has been witnessing comparatively a lesser number of cases over past several months. As many as 148 new cases and five deaths were registered in the city through Monday.
So far as many as 10,813 people have died in the national capital due to COVID-19, confirmed the Delhi’s health department.
Two types of vaccines are being administered to the people in India. Enditem

A medical staffer works at a newly-opened COVID-19 care centre at the Commonwealth Games village in New Delhi, India, on July 8, 2020. India’s federal health ministry said Wednesday morning that 482 new deaths due to COVID-19, besides 22,752 positive cases, were reported during the past 24 hours across the country, taking the number of deaths to 20,642 and total cases to 742,417. (Photo by Partha Sarkar/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.