Connect with us

WORLD

သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းပြည်နယ်ရှိ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မိန်းကလေးကျောင်း၏ ဝင်ပေါက်တွင် ဆရာမတစ်ဦး ကိုယ်အပူချိန်တိုင်းနေသည်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

သီရိလင်္ကာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့မှုကြောင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ပိတ်ထားခဲ့သော အနောက်ပိုင်းပြည်နယ်ရှိ အထက်တန်းကျောင်းသားများအတွက် စာသင်ကျောင်းများကို ဇန်နဝါရီ ၂၅ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းမှာ လာမည့်မတ်လ GCE Ordinary Level စာမေးပွဲများကို ဖြေဆိုရန်အတွက် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ စာသင်ကျောင်းတစ်ကျောင်း၌ စာသင်ခန်းတစ်ခုကို ပိုးသတ်ဆေးဖျန်းနေသည်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မိန်းကလေးကျောင်း ဝင်ပေါက်တွင် ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာနေသည်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ယောကျ်ားလေးကျောင်း ဝင်ပေါက်တွင် ကျန်းမာရေးလမ်းညွှန်ချက် လက်ကမ်းစာစောင် ကိုင်ထားသည့် ဝန်ထမ်းတစ်ဦးကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ယောကျ်ားလေးကျောင်း ဝင်ပေါက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကျန်းမာရေးလမ်းညွှန်ချက် လက်ကမ်းစာစောင် ပေးဝေနေသည်ကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မိန်းကလေးကျောင်းတွင် လက်ဆေးနေသည့် ကျောင်းသူများကို ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျောင်းသားများကို နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လူချင်းခပ်ခွာခွာနေရမည့် အကွာအဝေးကို လုပ်ဆောင်ရန် အကြောင်းကြားထားခဲ့သလို စာသင်ခန်းများ အားလုံးကိုလည်း ဇန်နဝါရီ ၂၄ ရက်က ပိုးသတ်ဆေးဖျန်းထားပြီးဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ယင်းနယ်မြေရှိ ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် သီးခြားထားရှိရန် ကြေညာထားသည့် စာသင်ကျောင်းများကိုမူ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

အနောက်ပိုင်းပြည်နယ်ရှိ ကျောင်းသား ၇၉,၀၀၀ ဦးသည် လာမည့် မတ်လတွင် ကျင်းပရန်ရှိသော GCE Ordinary Level စာမေးပွဲဖြေဆိုကြမည်ဖြစ်ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်က ၎င်းတို့၏ လွတ်သွားသော သင်ခန်းစာများကို အရှိန်မြှင့်သင်ယူနိုင်စေမည်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းပြည်နယ်ကို နိုင်ငံတစ်ဝန်း အောက်တိုဘာလ အစောပိုင်းတွင် ကပ်ရောဂါ ဒုတိယလှိုင်း စတင်စဉ်ကတည်းက ဆိုးဝါးသောနေရာတစ်ခုအဖြစ် ကြေညာထားခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)

Sri Lanka reopens schools in Western Province for higher grades
Source: Xinhua| 2021-01-26 10:32:42|Editor: huaxia
COLOMBO, Jan. 26 (Xinhua) — Sri Lankan authorities reopened schools in the Western Province for senior grades on Monday after shutting them down since October last year due to a vast spread of the COVID-19 pandemic.
The Education Ministry said in a statement that schools re-opened for students who would be sitting for the GCE Ordinary Level examinations in March under strict health guidelines imposed by the Health Ministry.
All classrooms were disinfected on Sunday while students were informed to wear masks and maintain social distance.
However schools in areas declared as isolated due to the virus spread would continue to remain closed.
The Education Ministry said that 79,000 students from the Western Province will sit for the GCE Ordinary Level Examination which will be held in March and the decision to re-open schools was taken to expedite their missed studies.
Sri Lanka’s Western Province has been declared as a hot bed by the health authorities since a second wave of the pandemic swept through the country in early October.
1- A staff member checks the body temperature of a teacher at the entrance to a girls’ school in Colombo, Sri Lanka, Jan. 25, 2021. (Photo by Ajith Perera/Xinhua)
2- A staff member disinfects a classroom at a school in Colombo, Sri Lanka, Jan. 24, 2021. (Photo by Ajith Perera/Xinhua)
3- A staff member checks the body temperature of students at the entrance to a girls’ school in Colombo, Sri Lanka, Jan. 25, 2021. (Photo by Ajith Perera/Xinhua)
4- A staff member is about to hand out a copy of health guide at the entrance to a boys’ school in Colombo, Sri Lanka, Jan. 25, 2021. (Photo by Ajith Perera/Xinhua)
5- A staff member hands out a copy of health guide to a student at the entrance to a boys’ school in Colombo, Sri Lanka, Jan. 25, 2021. (Photo by Ajith Perera/Xinhua)
6- Students wash their hands at a girls’ school in Colombo, Sri Lanka, Jan. 25, 2021. (Photo by Ajith Perera/Xinhua) ■