Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါသတင်း) ဂျပန်နိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅,၀၀၀ ကျော်ရှိလာခဲ့ပြီး ဒေသများစွာတွင် အရေးပေါ်အခြေအနေကြေညာပေးရန်တောင်းဆို

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ်၍ သွားလာနေသူတစ်ဦးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်း၏စာရင်းပြုစုချက်အရ ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် ၂၀ နာရီအချိန်ထိ ဂျပန်နိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅,၂၉၁ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၄၇,၅၄၄ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့်ထပ်မံသေဆုံးခဲ့ရသူ ၄၉ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၉,၇၇၃ ဦးအထိရှိလာကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့် ၃ လတာကာလအတွင်း ပထမဆုံးအကြိမ် အဖြစ်တစ်ရက်အတွင်း ရောဂါထပ်မံကူးစက်ခံရသူ ၅ ထောင်ကျော်အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂၁ ရက်တွင် အိုဆာကာစီရင်စု ၌ တစ်ရက်အတွင်း ရောဂါထပ်မံကူးစက်ခံရသူ ၁,၂၄၂ ဦးအထိရှိခဲ့ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံသတင်းမီဒီယာများ၏ဖော်ပြချက်အရ ဧပြီ ၂၁ ရက်၌ ကျိုတို စီရင်စု ၊ Hyogo စီရင်စု နှင့် တိုကျို စီရင်စု တို့က ဂျပန်နိုင်ငံအစိုးရအား အရေးပေါ်အခြေအနေ ကြေညာပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါ က ဧပြီ ၂၁ ရက်ညပိုင်းအချိန်၌ ယင်းတောင်းဆိုမှုနှင့်ပတ်သက်၍ ယခုအပတ်အတွင်း ဆုံးဖြတ်ချက်ချမှတ်ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ နှင့် ယခုနှစ် ဇန်နဝါရီလတို့တွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အိုဆာကာစီရင်စုက ဧပြီ ၂၀ ရက်၌ ဂျပန်နိုင်ငံအစိုးရအား အရေးပေါ်အခြေအနေကြေညာပေးရန် တောင်းဆိုခဲ့သည်။ ဧပြီ ၂၀ ရက်အထိ အိုဆာကာစီရင်စုရှိ ICU အခန်းများသည် လူနာများဖြင့် ပြည့်နှက်နေပြီး ရောဂါဝေဒနာပြင်းထန်သည့်လူနာ ၆၀ ခန့်ကို သာမန်လူနာအခန်းများတွင် ယာယီဆေးဝါးကုသမှုပေးထားရကြောင်း ၊ အချို့ရောဂါဝေဒနာမပြင်းထန်သော နေအိမ်၌ သီးသန့်ခွဲခြားနေထိုင်နေသည့် လူနာများမှာလည်း ရောဂါဝေဒနာပြင်းထန်လာချိန်တွင် အချိန်မီဆေးဝါးကုသမှုခံယူနိုင်ရန် အခက်အခဲရှိကြောင်းသိရသည်။ (Xinhua)

————————————————–
(Chinese Version)

(国际疫情)日增新冠病例超5000例 日本多地请求宣布紧急状态

  新华社东京4月21日电(记者华义)据日本广播协会电视台统计,截至当地时间21日20时(北京时间19时),日本当天新增新冠确诊病例5291例,累计547544例;新增死亡病例49例,累计9773例。
  这是时隔约3个月来,日本单日新增确诊病例数再次超过5000例。当天大阪府新增确诊1242例,再创疫情暴发以来新高。
  据日本媒体报道,21日京都府、兵库县和东京都请求日本政府宣布紧急状态。日本首相菅义伟当天晚些时候表示将于本周内做出决定。新冠疫情暴发以来,日本已于2020年4月和今年1月两次宣布紧急状态。
  大阪府20日已请求日本政府宣布紧急状态。截至20日,大阪府重症病床已经饱和,有约60名重症患者只能暂住轻症患者病床治疗,一些居家隔离的轻症患者在症状恶化时也难以及时收治。(完)
Photo
2020年8月15日,高温下行人打伞走在日本东京银座街头。新华社记者 杜潇逸 摄