Connect with us

News

လန်ချန်း-မဲခေါင် နိုင်ငံများအကြား COVID-19 ကပ်ရောဂါ ကာလအတွင်း ကံကြမ္မာအကျိုးတူအသိုက်အဝန်း ပူးပေါင်းတည်ဆောက်မည်

ပေကျင်း၊ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (LMC) ခေါင်းဆောင်များ အစည်းအဝေးကို ဩဂုတ် ၂၄ ရက်တွင် ဗီဒီယိုလင့်မှ တစ်ဆင့်ကျင်းပခဲ့ရာ အစည်းအဝေးအတွင်း လန်ချန်း-မဲခေါင်အဖွဲ့ဝင်( LMC) ၆ နိုင်ငံမှ ခေါင်းဆောင်များက ရေအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များ၊ ကူးလူးဆက်သွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်ရေးအလေးထားဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် “အကျိုးစီးပွားများကိုမျှဝေဖို့ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်စို့” ဟူသည့် ဆောင်ပုဒ် အောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနိုင်ငံတော်ကောင်စီဝင်နှင့် ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ်တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်ခဲ့ကြပြီး  ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု တို့တက်ရောက်ခဲ့ကြသည်။

လန်ချန်းနှင့်မဲခေါင်ဆိုသည်မှာ အမည်နာမ မတူကွဲပြားသော်ငြား မြစ်ကြီးတစ်စင်းကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ တရုတ်နိုင်ငံရှိ လန်ချန်းမြစ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဖြတ်၍ စုန်ဆင်းရာမှ မဲခေါင်မြစ်အဖြစ်အမည်တွင် ပြီးနောက် မြန်မာနိုင်ငံ၊လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတလျှောက် ဖြတ်သန်းစီးဆင်းခြင်းပင်ဖြစ်သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ရာသီဥတုပြောင်းလဲရေး နှင့် ရေလွှမ်းမိုးမှုများနှင့် မိုးခေါင်ခြင်းများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ကောင်းမွန်စွာထိန်းချုပ်နိုင်ရန်အလို့ငှာ တရုတ်နိုင်ငံအနေဖြင့် LMC နိုင်ငံများ နှင့်အတူတကွ ပူးပေါင်းကာ လန်ချန်း-မဲခေါင် ရေ အရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက် ဝေမျှခြင်းပလက်ဖောင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း LMC ၆ နိုင်ငံအနေဖြင့်  COVID-19 တိုက်ဖျက်မှုကဏ္ဍတွင် အချင်းချင်းကူညီပံ့ပိုးမှုများကို ဆောင်ရွက်ကာ ဗိုင်းရပ်စ်ကို ထိရောက်စွာထိန်းချုပ်ခြင်းရန် ကြိုးပမ်းလျက်ရှိသည်။

ကပ်ရောဂါဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်ကျော်လွှာနေစဉ် LMC ၆ နိုင်ငံအနေဖြင့် ပြည်တွင်း လုပ်ငန်းများ ပြန်လည်စတင်ရန် လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ ဒေသတွင်း ထုတ်လုပ်ရေးနှင့် စီးပွားရေးပြန်လည် နလံထူနိုင်ရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်နေကြဆဲဖြစ်သည်။ထို့အပြင်ချမှတ်ထားသည့် မူဘောင်အောက်တွင် စီမံကိန်းများစွာကို ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ခဲ့ကြောင်းလည်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.