Connect with us

Environment, Disasters & Accidents

ပြင်ဦးလွင် အနီးစခန်းအနီး တပ်မတော်လေယာဉ်ပျက်ကျမှုတွင် လူ ၁၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ

ပြင်ဦးလွင် အနီးစခန်းအနီး ပျက်ကျသွားသော တပ်မတော်လေယာဉ်အား ကယ်ဆယ်ရေးပြုလုပ်စဉ်(သတင်းထုတ်ပြန်ရေးအဖွဲ့)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ပြင်ဦးလွင် အနီးစခန်းအနီးတွင် ယနေ့ မနက် ၈ နာရီခန့်က ရာသီဥတုဆိုးဝါးမှုကြောင့် တပ်မတော်လေယာဉ်တစ်စီးပျက်ကျခဲ့ရာ လူ ၁၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သုံးတောင်ကျေးရွာအုပ်စု ကျောက်ဖျာဒိုးကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်ကြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရန် ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝသာရ အပါအဝင် သံဃာ၊ အလှူရှင် ၈ဦးနှင့်အတူ လေယာဉ်အမှုထမ်း ၆ဦး ၊ စုစုပေါင်း လူ ၁၄ဦး လိုက်ပါလာသည့် တပ်မတော်လေယာဉ်သည် ပျက်ကျ သွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ယင်းပျက်ကျမှုအား ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် တပ်ကြပ်ကြီး ကောင်းစံဝင်းနှင့် မောင်ပိုင်ဘုန်းပြည့် နှစ်ဦးသာ ထိခိုက်ဒဏ်ရာများဖြင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို ပြင်ဦးလွင်မြို့ရှိ တပ်မတော် စစ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)