Connect with us

COVID-19 UPDATES

မြန်မာနိုင်ငံ၌ COVID-19 မျိုးရိုးဗီဇ ပြောင်းလဲသောပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်းတပ်ဆင်သွားလာသူများကို ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 မျိုးရိုးဗီဇ ပြောင်းလဲသောပိုးတွေ့ရှိသူ ၁၁ ဦး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ဇွန် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ COVID-19 မျိုးရိုးဗီဇ ပြောင်းလဲသောပိုးတွေ့ရှိသူ ၁၁ ဦးမှာ ကလေးမြို့တွင်(၁)ဦး၊ မြိတ်မြို့တွင်(၃)ဦး၊ မန္တလေးမြို့တွင် ၄ ဦး၊ တမူးမြို့တွင်(၂)ဦး၊ ရန်ကုန်မြို့တွင် ပြည်ပပြန်(၁)ဦးတို့ ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

စစ်ဆေးချက်များအရ မျိုးရိုးဗီဇပြောင်းလဲသည့် Strain တွေ့ရှိမှုအနေဖြင့် Variants of Concern ဖြစ်သည့် Alpha (၂)ဦး၊ Delta (၅)ဦး၊ Variants of Interest ဖြစ်သည့် Kappa (၄)ဦး ဖြစ်ကြောင်း တွေ့ရှိရပြီး အဆိုပါပိုးများအား အဓိကမူလတွေ့ရှိသည့် နိုင်ငံများမှာ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပြည်သူလူထုအနေဖြင့် မိမိကိုယ်တိုင်၊ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်အား COVID-19 ရောဂါကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားရန် အထူးအရေးကြီးကြောင်း ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ Variants of Concern ဖြစ်သည့် Alpha နှင့် Delta တို့သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ထပ်မံကူးစက်ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားကြောင်း တွေ့ရှိရပြီး ရောဂါပြင်းထန်မှုအနေဖြင့် ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှုရှိကြောင်း သုံးသပ်ထားကြောင်း ၊ ထို့အပြင် COVID-19 ကာကွယ်ဆေးများအပေါ်တွင် တုံ့ပြန်မှုနှင့် ပတ်သက်၍ အချို့သောကာကွယ်ဆေးများ၏ အကျိုးအာနိသင် အားအနည်းငယ် လျော့နည်းနိုင်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် မျိုးရိုးဗီဇကွဲ COVID-19 ရောဂါ ပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအားလည်း အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ဇွန် ၃ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ Defence Service Medical Research Center မှစစ်ဆေးသည့် ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ COVID-19 မျိုးရိုးဗီဇ ပြောင်းလဲသောပိုးတွေ့ရှိသူ (၁၁)ဦးရှိသည်ကို တွေ့ရှိရကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဇွန် ၁၅ ရက်တွင် COVID-19 လူနာသစ် ၂၂၅ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၄၆,၀၅၁ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117