Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဇန်နဝါရီမှ မေလအတွင်း မီးလောင်မှုကြောင့် လူ ၅၂ ဦးသေဆုံးခဲ့ပြီး အခြားသူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွယ်ချို(၁)ရပ်ကွက်၊ အရှေ့လမ်းတွင် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က မီးလောင်နေသော နေအိမ်ကို မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဇွန်၊ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဇန်နဝါရီမှ မေလအတွင်း မီးလောင်မှုကြောင့်လူ ၅၂ ဦး သေဆုံးပြီး အခြားသူ ၁၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ထွေးအောင် က ဆင်ဟွာသို့ ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မလမ်းတွင် ၂၀၂၃ ခုနှစ်၊ မေ ၁၇ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

မြန်မာတစ်နိုင်ငံလုံးတွင် ဇန်နဝါရီ မှ မေလအတွင်း စုစုပေါင်း မီးလောင်ကျွမ်းမှု ၈၇၅ မှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ကျပ် ၁၃ ဒသမ ၄၇ ဘီလီယံ ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မေလအတွင်း တစ်နိုင်ငံလုံး၌ မီးလောင်ကျွမ်းမှုပေါင်း ၁၃၀ မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ အခြားသူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မေလအတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် မီးလောင်ကျွမ်းမှု အများဆုံး ဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ရန်ကုန်တိုင်းဒေသကြီးပြီးလျှင် မီးလောင်ကျွမ်းမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းများမှာ မီးပေါ့ဆမှု၊ လျှပ်စစ်ဝါယာကြိုး ပြတ်တောက်မှု၊ မီးရှို့မှု၊ တောမီးလောင်ကျွမ်းမှု နှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်ကျွမ်းမှုစုစုပေါင်း ၁,၅၀၇ မှုဖြစ်ပွားခဲ့ပြီး လူ ၉၆ ဦးသေဆုံးခဲ့ကာ အခြားသူ ၁၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)