Connect with us

Myanmar

အာရှချန်ပီယံလိဂ် နှင့် AFC Cup ပြိုင်ပွဲတို့တွင် မြန်မာဘောလုံးကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်

မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ်က ပြုလုပ်မည့် အာရှချန်ပီယံလိဂ် နှင့် AFC Cup ပြိုင်ပွဲတို့တွင် မြန်မာဘောလုံးကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဇန်နဝါရီ ၁ ရက်တွင် ပြောသည်။

“မြန်မာဘောလုံးကလပ်အသင်းတွေက ဒီ ၂၀၂၂ ခုနှစ်ထဲမှာပြုလုပ်မယ့် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲမှာ အသင်းတစ်သင်း၊ AFC CUP ပြိုင်ပွဲအုပ်စုအဆင့်မှာ တစ်သင်း၊ ခြေစစ်ပွဲ အဆင့်မှာ တစ်သင်း ယှဉ်ပြိုင်ခွင့် ရမှာပါ’’ ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

၂၀၂၁ ရာသီ တွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပနိုင်ခြင်းမရှိသောကြောင့် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၀ပြိုင်ပွဲ မှ ချန်ပီယံအသင်းနှင့် ဒုတိယဆုရ အသင်းတို့အားယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၊ AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117