Connect with us

Agriculture

G. A. P. စနစ် ဆောင်ရွက်ရေး အဆို အတည်ပြုပြီ

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း အစည်းအဝေးခန်းမသို့  ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၃၀ ရက် (ဆင်ဟွာ)

GAP (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုအမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၏ “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ နိုင်ငံသူ နိုင်ငံသားများ ဘေးကင်း လုံခြုံသော စားနပ် ရိက္ခာများ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်နေ တောင်သူ လယ်သမားများအား ပြည်ထောင်စု အစိုးရက အသိပညာ၊ နည်းပညာများ အထောက်အပံ့အကူအညီပေးပြီး GAP (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက နှစ်ရက် ဆက်လက် ဆွေးနွေးအပြီးတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ကလည်း ထိုအဆိုကို ထောက်ခံခဲ့သဖြင့် ယနေ့အစည်းအဝေး၌ လွှတ်တော်၏ ဆန္ဒကို လျှို့ဝှက် မဲခွဲခဲ့ရာ ကန့်ကွက်မဲ တစ်မဲသာ ရှိပြီး ထောက်ခံသည့် မဲက များသဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.