Connect with us

Agriculture

တောင်သူလယ်သမားများ ခိုင်မာသော ဈေးကွက် မရရှိမှုသည် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်စေသော အဓိက အကြောင်းရင်းဟု နိုင်ငံတော် သမ္မတဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အခြေခံ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်း၌ ထုတ်လုပ်နေကြသည့် တောင်သူ လယ်သမားများ၏ ထုတ်ကုန်များအတွက် ခိုင်မာသော ဈေးနှုန်း၊ ခိုင်မာသော ဈေးကွက် ရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ချက်သည် ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေသော အဓိက အကြောင်းရင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ကျင်းပသော ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြာသည်။

ယနေ့ တောင်သူလယ်သမားများ၏ ထုတ်ကုန်များ ဈေးနှုန်းနှင့် ဈေးကွက်မရေရာ မသေချာမှု အချက်သည် တောင်သူ လယ်သမားများ အား ဆင်းရဲ စေ၍ လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်စေသော အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဈေးကွက်၏ အရေးပါမှုအပေါ် အလေးအနက် ထားပြီး လယ်ယာ ထွက်ကုန်များကို နိုင်ငံတကာ အဆင့်မီ တန်ဖိုးမြင့် ကုန်ချောအဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်ကာ ရေရှည် လုံခြုံ စိတ်ချရပြီး ခိုင်မာသော ဈေးကွက်နေရာ ရရှိရေးနှင့် ချိတ်ဆက် တင်ပို့ ရောင်းချနိုင်ရေး လိုအပ်ချက်ကို အလေး အနက်ထား အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ က ပြောသည်။

ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နေပြည်တော်ရှိ ရေဆင်း တက္ကသိုလ်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့၊ နိုင်ငံတကာ သံရုံးများမှ သံအမတ်များ တက်ရောက် ခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကျေးရွာပေါင်း ၄,၀၀၀ ကျော်တွင် လူထု အခြေပြု စီမံကိန်း (၃) ခု ဖြင့် မွေးမြူရေး၊ သားငါး ထုတ်လုပ်မှု၊ ကျေးလက် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး များကို ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ အခမ်းအနား တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် အခြား နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများကို ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ် ချီးမြှင့်ခဲ့သည်။

နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မှ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် အား ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ် ချီးမြှင့် နေစဉ်

နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ဂုဏ်ပြု မှတ်တမ်းလွှာကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ကိုရီးယား သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA)၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသန ဌာန(IRRI)၊ အရှေ့တောင် အာရှ ဒေသဆိုင်ရာ စိုက်ပျိုးရေးပညာ သုတေသန ဌာန၊ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ Mokpo National University နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု ရန်ပုံငွေ အဖွဲ့ တို့ကိုလည်း ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ (Xinhua)