Connect with us

Agriculture

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင် နိုင်ရေး ဆွေးနွေး

စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီ နိုင်ငံ သံအမတ်ကြီးတို့ တွေ့ ဆုံစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

မြန်မာ-အီတလီ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းဆိုင်ရာများအား စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mrs. AlessandarSCHIAVO တို့ဒီဇင်ဘာ ၅ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စက်မှုလယ်ယာနည်းပညာ ပြန့်ပွားရေးစင်တာ ဖွင့်လှစ်ဆောင်ရွက်ရေးနှင့် စိုက်ပျိုးရေ စီမံခန့်ခွဲမှုတွင် မိုဘိုင်းနည်းပညာ အသုံးပြုနိုင်ရေး ဆိုင်ရာနားလည်မှု စာချွန်လွှာများလက်မှတ် ရေးထိုးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတို့တွင်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင် နိုင်ရေး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အီတလီနိုင်ငံသည် မြန်မာနိုင်ငံ၏ လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများတွင် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ ကျေးလက် မီးလင်းရေး လုပ်ငန်းများတွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ အသေးစားငါး လုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူရေးတွင် ဥရောပ စည်းမျဉ်း စည်းကမ်းနှင့် မြေထဲပင်လယ်၏ ကောင်းမွန်သောအလေ့ အကျင့်များဖြန့်ဝေပြန့်ပွား ခြင်း ဆိုင်ရာ စီမံကိန်း လုပ်ငန်းများတွင် လည်းကောင်း ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)