Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော်ကြီးအား ရွှေသင်္ကန်းတော်ကပ်ရာတွင် ရာနှုန်းပြည့်မီ ရွှေပြားများဖြင့် ကပ်လှူပူဇော်ဟုဆို

ရွှေတိဂုံ စေတီတော်ကြီး ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြသထားသော ရွှေစင်ပြားများအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော်ကြီးအား ရွှေသင်္ကန်းတော်ကပ်ရာတွင် ရွှေစင်ပြားများကို ရာနှုန်းပြည့်မီ ရွှေပြားများဖြင့် ကပ်လှူပူဇော်ပေးလျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် ဦးသောင်းထိုက်ကပြောကြားသည်။

ရွှေတိဂုံစေတီတော်ကြီး၌ ရွှေသင်္ကန်းတော်ကပ်လှူရန် အသုံးပြုမည့် ရွှေများသည် နိုင်ငံတော် အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် သတ္တုတွင်း ဝန်ကြီးဌာနထံ တင်ပြပြီးမှ နေပြည်တော်တွင် ၉၉ ဒသမ ၉ ရာခိုင်နှုန်း ရှိသည့် ရွှေတုံးများကို သွားရောက်ဝယ်ယူခဲ့ကြောင်း၊ ရွှေတိဂုံ စေတီတော် ရှိ လုံခြုံစိတ်ချရသည့် ရွှေသိုလှောင်ခန်းတွင် ရွှေများကို ထားရှိကြောင်း၊ ထုတ်လုပ်သည့် အခါ တွင်လည်း အဖွဲ့နှင့် တာဝန်ရှိ သူများက စစ်ဆေးထုတ်ယူရကြောင်း ၎င်းက ဆိုသည်။

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် ရင်ပြင်တော်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် များတန်ဆောင်း၌ စက်တင်ဘာ ၂၀ရက် မွန်းလွဲ ၁ နာရီက ကျင်းပ သည့် ၂၀၁၈-၂၀၁၉ ခုနှစ် ရွှေတိဂုံ စေတီတော်ကြီး ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားသည်။

ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင် ဆန်းသစ်မှု ဦးစီးဌာန၊ ဒြပ်ပစ္စည်း သိပ္ပံ သုတေသနဌာန၊ သတ္တုဗေဒ သုတေသနဌာနတို့က ၁ ကျပ် သား၊ ၆ ကျပ်သား ရွှေပြားများနှင့် ထုတ်လုပ်ပြီး ရွှေပြားများကိုပါ အားလုံးသိပ္ပံနည်းကျ စနစ်တကျ စစ်ဆေးထားကြောင်း၊ ရွှေပါဝင်မှု ရာခိုင်နှုန်းကို မှတ်ချက်ပြု ဖော်ပြထား ကြောင်း၊ သန့်စင်ပြီး ရွှေပြားအားလုံးသည် ၉၅ ရာခိုင်နှုန်း အထက် ရွှေစင်ရွှေသား ပါဝင်ကြောင်း၊ သတ္တုတွင်းဝန်ကြီးဌာနက စက်ကိရိယာများနှင့် ရွှေပါဝင်မှုရာခိုင်နှုန်း စစ်ဆေး သွားရန်ရှိကြောင်း သိရသည်။

ရွှေမျက်ပါးသည် ဘိုးစဉ်ဘောင်ဆက် စေတီတော်များ၌ သုံးသည့် နည်းလမ်းဖြစ်ကြောင်း၊ ယခင်နှစ်များက ရွှေမျက်ပါးများ တင်သွင်းမှုကို တင်ဒါလေလံစနစ်နှင့် လုပ်ဆောင်ရာတွင် တင်သွင်း သည့် ရွှေမျက် ပါးများကို သတ္တုဗေဒနှင့် သုတေသနဌာန၌စစ်ဆေးပြီး ရွှေပါဝင်မှု ၉၇ ဒသမ ၅ ရာခိုင်နှုန်းပါသည့် ရွှေဆိုင်း ကိုသာ ဝယ်ယူလက်ခံပြီး ကပ်လှူ အသုံးပြုခဲ့ကြောင်း၊ ယခု လက်ခတ်ရွှေပြားများကိုသာ ဦးစားပေး ဝယ်ယူပြီး စေတီတော်ကြီး၏ မျက်ပါးရွှေကပ်လှူ မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.