Connect with us

Culture & Entertainment

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၌ ဟိုတယ် ၂၅ လုံးကိုသာ ၁၅ နှစ်အထိ အများဆုံး လုပ်ကိုင်ခွင့် ပေးမည်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအားတွေ့ရစဉ် (ဆင်ဟွာ)

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ဟိုတယ် ၄၂ လုံးရှိသည့် အနက် ဟိုတယ် ၂၅ လုံးကိုသာ ၁၅ နှစ်အထိ အများဆုံး လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါနယ်မြေ အတွင်း ဟိုတယ် ၄၂ လုံး တည်ဆောက် ခွင့်ပြုခဲ့သည့် အနက် ၇ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်း အထိ ပြီးစီးလု နီးပါး ဖြစ်နေသည့် ဟိုတယ် ၂၅ လုံးကိုသာ ဆက်လက် တည်ဆောက် ခွင့်ပြုပြီး တည်ဆောက်မှု

မဆောင်ရွက် နိုင်သေးသည့် ကျန်ဟိုတယ် ၁၇ လုံးကို တည်ဆောက် ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

ဆက်လက် တည်ဆောက် ခွင့်ပြုခဲ့သည့် လုပ်ငန်းရှင် များအား ၁ဝ နှစ် လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ပြီး ယင်း ၁ဝ နှစ်အတွင်း ရင်းနှီး မြှုပ်နှံမှုငွေကြေး ပမာဏ မရရှိသေး ပါက ၁၅ နှစ်အထိ လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ၁၅ နှစ် လုပ်ကိုင်ခွင့်ပြီး ပါက အဆိုပါ ဟိုတယ်များကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေနှင့် ၇ ကီလိုမီတာ ကွာဝေးသည့် ဟိုတယ်ဇုန်သို့ ပြောင်းရွှေ့ လုပ်ကိုင် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ကိုင်ခွင့် ရရှိထားသော ဟိုတယ်များ အနေဖြင့် ၁၅ နှစ် လုပ်ကိုင်ပြီးပါက ဖျက်သိမ်းရမည် ဖြစ်ပြီး ယူနက်စကို၏ စည်းကမ်းများ အရ ရှေးဟောင်း အမွေအနှစ် တည်ရှိရာ နယ်မြေ၌ ၅ မီတာ သို့မဟုတ် ၇ မီတာ

အကွာအဝေး အတွင်း မည်သည့် လူနေ အဆောက်အအုံ နှင့် ဟိုတယ်များ ဆောက်လုပ်ခွင့် မပြုကြောင်း သိရသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို လူနေ အဆောက်အအုံနှင့် ယဉ်ကျေးမှု အမွေအနှစ် ရောထွေးလျက် ရှိသည့် အမွေအနှစ်ဇုန် (Mixed Ancient Zone) အဖြစ် ကမ္ဘာ့ အမွေအနှစ် စာရင်းသို့ တင်သွင်းရေး ယူနက်စကို သို့ တိုက်တွန်း ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.