Connect with us

Culture & Entertainment

မယ်ကမ္ဘာမြန်မာ ၂၀၁၈ အလှမယ်အဖြစ် အလှမယ်ဟန်တီမှ ဆွတ်ခူးရရှိ


ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မယ်ကမ္ဘာမြန်မာပြိုင်ပွဲ Miss Myanmar World 2018 ၏ သရဖူကို အလှမယ် ဟန်တီက ဆွတ်ခူးရရှိခဲ့ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျင်းပသော အဆိုပါ ပြိုင်ပွဲ နောက်ဆုံးအဆင့်ရွေးချယ်ပွဲမှ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် 1st Runner upဆုကို လင်းကလျာဦး က ရရှိပြီး 2nd Runner up ကို ယမုံက ရရှိခဲ့သည်။Miss Myanmar World 2018၏ Winner (သရဖူ) ရရှိသူ ဟန်တီသည် သရဖူနှင့် အတူ ဆုကြေးငွေ သိန်းတစ်ရာ ရရှိခဲ့သည်။

မယ်ကမ္ဘာမြန်မာပြိုင်ပွဲ Miss Myanmar World 2018 တွင် သရဖူရရှိသွားသည့် အလှမယ် အလှမယ်ဟန်တီအားတွေ့ရစဉ် (ဓာတ်ပုံ– Miss Myanmar word)

မယ်ကမ္ဘာမြန်မာ အားချီးမြှင့်မည့် သရဖူအားတွေ့ရစဉ် (ဓာတ်ပုံ– Miss Myanmar word)

သရဖူဆုရရှိသည့် ဟန်တီသည် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် နိုင်ငံတကာအလှမယ်များနှင့် သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ပဉ္စမအကြိမ်မြောက် Miss Myanmar World 2018 ကို Channel-7 Forever Bec-Tero တို့က ပူးပေါင်း စီစဉ်တင်ဆက်ပြီး ဆန်ခါတင်ပြိုင်ပွဲဝင် အလှမယ် ၂ဝ ထဲမှ ရွေးချယ်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.