Connect with us

Culture & Entertainment

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မြို့နယ်လေးခုတွင် ကြိုးကြာခေါင်းနီနှင့် ငှက်သိုက်များ သုတေသနဆောင်ရွက်လျက်ရှိ

ကြိုးကြာနီအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၏ မြို့နယ် လေးခုတွင် ကြိုးကြာခေါင်းနီငှက်သိုက် များကို သုတေသနပြု မှတ်တမ်းတင် ခြင်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

သစ်တောဦးစီးဌာန မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ဝန်ထမ်းများနှင့် သားငှက်ထိန်းသိမ်း ရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်း၍ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသရှိ ဝါးခယ်မမြို့နယ်၊ မအူပင် မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် အိမ်မဲ မြို့နယ်တို့တွင် ကြိုးကြာခေါင်းနီ သုတေသနလုပ်ငန်းများကို ဇူလိုင် လဆန်းကတည်းက စတင်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။

ကြိုးကြာအသိုက် သတင်းများ ပေးသော ဒေသခံများအတွက် ဂုဏ်ပြုအစီအစဉ်ရှိပြီး အဆိုပါ မြို့နယ်လေးမြို့နယ်တွင် ပြုလုပ်နေ သည့် ထိန်းသိမ်းရေးသုတေသန လုပ်ငန်းများနှင့် ပညာပေးလုပ်ငန်း များကို ယခုနှစ်တွင် ပိုမိုတိုးချဲ့ ဆောင်ရွက်လျက်ရှိသည်။

၂ဝ၁၇ ခုနှစ်က မအူပင်တွင် ကျေးရွာ ၂ဝ၊ ဝါးခယ်မတွင် ၁၄ ရွာ၊ ပန်းတနော်တွင် ၁၁ ရွာနှင့် အိမ်မဲတွင် ၁၈ ရွာ ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မအူပင်တွင် ၂၄ ရွာ၊ ဝါးခယ်မတွင် ၂၂ ရွာ၊ ပန်းတနော်တွင် ၁၅ ရွာ၊ အိမ်မဲတွင် ၂၂ ရွာ ပြုလုပ်မည် ဖြစ်သည်။ ဇူလိုင် ၈ ရက်မှ စတင်၍ ကြိုးကြာအသိုက်နှင့်ဥများ စတင် သုတေသနပြု မှတ်တမ်းတင်နိုင်ပြီ ဖြစ်သည်။

ကြိုးကြာခေါင်းနီများသည် မြန်မာ နိုင်ငံတွင်သာမက ကမ္ဘာတွင်လည်း မျိုးသုဉ်းရန် အန္တရာယ်ကျရောက် နေသော မျိုးစိတ်ဖြစ်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် အကောင် ၂ဝဝ မှ ၄ဝဝ ကြား ကျန်ရှိသည်ဟု ခန့်မှန်းထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.