Connect with us

Culture & Entertainment

မြန်မာ့ယဉ်ကျေးမှု  သုခုမအနုပညာရပ်များကို    ပိုမိုသိရှိ အလေးထားစေရန် ပန်းထိမ်အထိမ်းအမှတ်အထူးထုတ်  စာပို့တံဆိပ် ခေါင်း ထုတ်ဝေမည်

ပန်းထိမ်အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းအားတွေ့ရစဉ် (ဓာတ်ပုံ--ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) 

မြန်မာ့ယဉ်ကျေးမှု  သုခုမအနုပညာရပ်များကို   မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေး ထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊   မြန်မာ့စာတိုက်လုပ်ငန်းက သုခုမ အနုပညာပန်းဆယ်မျိုးတွင် တစ်ခု အပါအဝင်ဖြစ်သော   ပန်းထိမ်အထိမ်းအမှတ်အထူးထုတ်  စာပို့တံဆိပ် ခေါင်းသစ် ၂၀ဝ ကျပ်တန်တစ်မျိုးကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇  ရက် တွင်စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင် က ယနေ့ ဩဂုတ် ၆ ရက်တွင် ပြောကြားသည်။ 

“ရည်ရွယ်ချက်က မြန်မာ့ယဉ်ကျေးမှု ကို လူငယ်တွေ သိရှိဖို့ နဲ့ တန်ဖိုးထားတတ်ဖို့ ဆိုပြီး ထုတ်ဖြစ်တာပါ။ နောက်လည်း ဒီလိုပဲ အထူးတံဆိပ်ခေါင်းတွေ ဆက်ထုတ်သွားဖို့ရှိပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ အဆိုပါ အထူးတံဆိပ်ခေါင်းကို သြဂုတ် ၇ ရက် နံနက်  ၉ နာရီခွဲမှစတင်၍  နေပြည်တော်ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီး၊   မန္တလေးစာတိုက်ကြီး တို့နှင့်   တိုင်းဒေသကြီး/ ပြည်နယ်များရှိ   စာတိုက် များတွင်  ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်    ဗဟိုစာတိုက်ကြီး၊   ရန်ကုန်စာတိုက်ကြီးနှင့်   မန္တလေးစာတိုက်ကြီးတို့တွင် သြဂုတ် ၇ ရက်အတွင်း ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ် (First day Cover) များပေါ်၌  နေ့စွဲ အမှတ်အသားတံဆိပ်    ရိုက်နှိပ်ပေးမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော ရုပ်လုံးကြွဒီဇိုင်းကတ်တို့အား တစ်ပါ တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း  ၎င်းကဆိုသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.