Connect with us

Social

လွတ်လပ်ရေးနေ့တွင် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုး ရောင်းချပေးမည်

၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်အားတွေ့ရစဉ် (ဓာတ်ပုံ-ကြေးမုံ)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

 (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ တွင် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထုတ်ပြန်သော သတင်းအရသိရသည်။

၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်အားတွေ့ရစဉ် (ဓာတ်ပုံ-ကြေးမုံ)

၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်အားတွေ့ရစဉ် (ဓာတ်ပုံ-ကြေးမုံ)

၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ နံနက် ၉နာရီခွဲမှစတင်ကာ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်စာတိုက်ကြီးများတွင်လည်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ လ ၄ ရက်တွင် ဝယ်ထားယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင်လည်း နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.