Connect with us

Culture & Entertainment

ယဉ်ကျေးမှု အမွေအနှစ်များအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်လျှင် ပူးပေါင်းဖြေရှင်းမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

နေပြည်တော်၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးနှင့် ပတ်သက်သောအကြိုဆွေးနွေးပွဲကျင်းပစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ယဉ်ကျေးမှု အမွေအနှစ်များအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်လျှင် ပူးပေါင်းဖြေရှင်းမှုအပါအဝင် မြန်မာနိုင်ငံ၊ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအောက်ရှိ ယဉ်ကျေးမှုဆပ်ကော်မတီ၏ စီမံကိန်းတစ်ခုဖြစ်သည့် “Workshop on Disaster Risk Management for Cultural Heritage Sites in ASEAN+3 Countries” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ၊ ပုဂံယဉ်ကျေးမှုဒေသ၌ အောက်တိုဘာ(၂၂)ရက်မှ (၂၆)ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်း ကျင်းပမည့် အလုပ်ရုံ ဆွေးနွေးပွဲသည် အာဆီယံ + ၃ ဆွေးနွေးဘက် နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ထောက်ပံ့မှုဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသတွင် ဆောင်ရွက်သွားမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ပုဂံဒေသသည် ငလျင်ဒဏ်၊ မြစ်ရေ တိုက်စားမှုဒဏ် စသည်ဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြုံတွေ့ခံစားနေရကြောင်း၊ ရခိုင်ဒေသသည်လည်း နှစ်စဉ်မိုးရေချိန် လက်မ(၁၅၀)အထက်ရှိနေ သည့်အတွက် ယဉ်ကျေးမှု အမွေအနှစ်များအပေါ် အန္တရာယ်ကျရောက်လျက်ရှိနေသဖြင့် အတူတကွ ပူးပေါင်းဖြေရှင်းကြရန်နှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန် အဆောတလျင်လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များသည် ပုဂံဒေသရှေးဟောင်းအမွေအနှစ်ဇုန်၊ မြောက်ဦး ရှေးဟောင်း အမွေအနှစ်ဇုန်များတွင် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအတွက် များစွာအထောက် အကူဖြစ်စေမည့် အကျိုးရလဒ် များ ရရှိမည်ဟုယုံကြည်ကြောင်း ၎င်းပြောကြားသည်။

ပုဂံဒေသအား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စင်တာသို့ အမွေအနှစ် စာရင်း ဝင်ရေးအတွက် ယခုနှစ် စက်တင်ဘာလတွင် စာတွဲ (မူကြမ်း) တင်သွင်း မှာဖြစ်သည့် အတွက် ပုဂံရှေးဟောင်းဒေသရဲ့ အရေးပါမှုသည် တစ်နိုင်ငံလုံး၏ အရေးပါမှုပင် ဖြစ်ကြောင်း၊ တက်ရောက်လာ မည့် အာဆီယံ+ ၃ နိုင်ငံများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စုပေါင်း၍ မြန်မာနိုင်ငံရှိ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို စုပေါင်းဆွေးနွေးဖြေရှင်းနိုင်ကြလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.