Connect with us

Culture & Entertainment

ရန်ကုန် တိုင်းဒေသကြီးအတွင်း သြင်္ကန်ရေကစား မဏ္ဍပ်ပေါင်း ၂၁၀ ခွင့်ပြုပေးထား ရန်ကုန် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ယခုနှစ် မဟာသြင်္ကန်တွင် ရန်ကုန် တိုင်းဒေသကြီး အတွင်း ရေကစား မဏ္ဍပ် စုစုပေါင်း ၂၁၀ ခု ခွင့်ပြုပေးထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

သြင်္ကန်ရေကစား မဏ္ဍပ်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ယခုနှစ် မဟာသြင်္ကန်တွင် ရန်ကုန် တိုင်းဒေသကြီး အတွင်း ရေကစား မဏ္ဍပ် စုစုပေါင်း ၂၁၀ ခု ခွင့်ပြုပေးထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ထိုသြင်္ကန်ရေကစားမဏ္ဍပ် ၂၁၀ ခုတွင် မဏ္ဍပ်ကြီးများ အဖြစ် အစိုးရ မဏ္ဍပ် ၇ ခု ၊ ပုဂ္ဂလိက မဏ္ဍပ် ၁၂ ခု နှင့် မဏ္ဍပ် အလတ် ၂ ခု ၊ မဏ္ဍပ် အသေး ၁၈၉ ခု တို့ကို ခွင့်ပြုထားပြီး အစိုးရ မဏ္ဍပ် ၇ ခုတွင် ရန်ကုန်မြို့တော် မဟာသြင်္ကန် ရေကစား ဗဟိုမဏ္ဍပ် ၊ ခရိုင်လေးခုတွင် မဏ္ဍပ် ၄ ခု ၊ မြန်မာ့ အမျိုးသား လေကြောင်း မဏ္ဍပ် ၁ ခု နှင့် မြန်မာ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေး မဏ္ဍပ် ၁ ခု တို့ပါဝင်ကြောင်း သိရသည်။

မဟာသြင်္ကန်ပွဲတော် ကာလအတွင်း အများပြည်သူများ လွတ်လပ် ပျော်ရွှင်စွာ ဆင်နွဲနိုင်ရေးအတွက် လုံခြုံရေး နှင့် ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပေါ်စေရေးကို ရှေးရှု၍ မဏ္ဍပ်များကို တစ်နေရာထဲတွင် စုပြုံ ဆောက်လုပ် ကျင်းပခြင်း မရှိစေရန်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၄ ခုတွင် ခရိုင်ဗဟို မဏ္ဍပ်များ ပြုလုပ်ပြီး မြို့နယ်များ အလိုက် နေရာအနှံ့စည်ကားစွာ ကျင်းပနိုင်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မဟာသြင်္ကန် ပွဲတော်တွင် သံချပ်များ ၊ အကအလှ ဖျော်ဖြေမှုများကို ခေါ်ယူ စိစစ်ခြင်း မပြုလုပ်ဘဲ ကိုယ့်အသိတရားနှင့် စည်းမျဉ်း ၊ စည်းကမ်းဘောင်ထဲမှ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် သြင်္ကန်ပွဲတော်ကြီးကို ပြည်သူလူထု ပါဝင် ကျင်းပနိုင်ရန် အခွင့်အလမ်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)