Connect with us

Culture & Entertainment

သမ္မတအိမ်တော် သြင်္ကန် အကြိုနေ့ တစ်ရက်သာ ကျင်းပမည်

နေပြည်တော်ရှိ သမ္မတ အိမ်တော်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

သမ္မတအိမ်တော် သြင်္ကန်ကို ယခုနှစ် သမ္မတကတော် ကြီးမှူးကာ အကြိုနေ့တစ်ရက်သာ ကျင်းပမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ယခင်က အိမ်တော် သြင်္ကန်အား အကျနေ့နှင့် အကြတ်နေ့ နှစ်ရက် ကျင်းပခဲ့ပြီး ယခုအစိုးရသစ် လက်ထက်တွင် ကုန်ကျစရိတ်များ ချွေတာ နိုင်ရန် အကြိုနေ့တစ်ရက်ကိုသာ သမ္မတ ဦးထင်ကျော်၏ ဇနီးဒေါ်စုစုလွင်က ဦးစီး ကျင်းပမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့တွင်း၌လည်း စီးပွားဖြစ် ရေကစား မဏ္ဍာပ်များ တည်ဆောက်မှုကိုလည်း တားမြစ်ထားပြီး မိသားစု ရေကစားမဏ္ဍာပ်၊ ကုမ္ပဏီများ၏ ရေကစား မဏ္ဍာပ်များ ကိုသာ တည်ဆောက်ခွင့် ပြုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.