Connect with us

Culture & Entertainment

ရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်း နှင့် အ.ထ.က (၁) ပုဇွန်တောင် တို့၌ အပြာရောင် ကမ္ဗည်းပြားများ တပ်ဆင်

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်အောင်ကျော်လမ်းတွင် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ထားမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon Heritage Trust)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်အောင်ကျော်လမ်း နှင့် ပုဇွန်တောင် မြို့နယ်ရှိ အ.ထ.က (၁) ပုဇွန် တောင် တို့၌ ယနေ့ ဒီဇင်ဘာ ၂၀ ရက်တွင် အပြာရောင် ကမ္ဗည်းပြားများအား တပ်ဆင်ခဲ့ကြောင်း ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့၏ ၂၅ ခုမြောက် အပြာရောင် ကမ္ဗည်းပြားအား အနော်ရထာလမ်း နှင့် မဟာ ဗန္ဓုလ လမ်းကြား ၊ ဗိုလ်အောင်ကျော်လမ်းတွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

၁၃၀၀ ပြည့်အရေးတော်ပုံအတွင်း ကျောင်းသားများ ဆန္ဒပြကြစဉ် ၁၉၃၈ ဒီဇင်ဘာ ၂၀ တွင် ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျော်သည် ထိုလမ်းပေါ်တွင် ပုလိပ်များ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ပြီး ကျဆုံးခဲ့ကြောင်း ယခင် စပတ်လမ်း(Sparks Street)ဟုခေါ်ဆိုခဲ့သော လမ်းကို ၁၉၅၆ တွင် ဗိုလ်အောင်ကျော်လမ်း ဟုပြောင်းလဲ ဂုဏ်ပြုခေါ်ဆိုခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၏ ၂၆ ခုမြောက် အပြာရောင် ကမ္ဗည်းပြားအား အနော်ရထာလမ်း (၄၉ လမ်းနှင့် လမ်း ၅၀ ကြား) ရှိ အ.ထ.က (၁) ပုဇွန်တောင်တွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်ရှိ အ.ထ.က (၁) ပုဇွန်တောင်တွင် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ထားမှုအား တွေ့ရစဉ်(ဓာတ်ပုံ-Yangon Heritage Trust)

အ.ထ.က (၁) ပုဇွန်တောင် ဖြစ်လာမည့် အဆောက်အအုံကို ၁၉၁၇ ခုနှစ် မေလ ၃၁ ရက်တွင် အုတ်မြစ်ချပေးခဲ့ပြီး ၁၉၁၈ ခုနှစ် ၊ ဇွန်လ ၂၀ တွင် ဖွင့်လှစ်ခဲ့သည့်အတွက် ယခုနှစ်တွင် နှစ် (၁၀၀) သက်တမ်းရှိပြီ ဖြစ်ကြောင်း ၊ လွတ်လပ်ပြီးခေတ်တွင် ပုဇွန်တောင် အထက်တန်းကျောင်းအဖြစ် အမည်ပြောင်းခဲ့ပြီး နောက်ပိုင်းတွင် အမှတ် (၁) အခြေခံ ပညာ အထက်တန်းကျောင်း၊ ပုဇွန်တောင်မြို့နယ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယနေ့တပ်ဆင်သော အပြာရောင် ကမ္ဗည်းပြားများသည် ရန်ကုန်မြို့၏ ထူးခြားသော မြို့ပြ အမွေအနှစ် နေရာ နှစ်ခုကို နှစ် ၈၀ ပြည့် နှင့် နှစ် ၁၀၀ ပြည့် အမှတ်တရ တပ်ဆင်သည့် အထိမ်းအမှတ် ကမ္ဗည်းပြားများ ဖြစ်ကြောင်း သိရသည်။

အပြာရောင် ကမ္ဗည်းပြားများ၏ ရည်ရွယ်ချက်မှာ လူအများ သိရှိပြီး အဆောက်အအုံများ ၊ နေရာများကို ပိုမို တန်ဖိုးထား ထိန်းသိမ်း တတ်လာစေရန် ၊ လူသိနည်းသေးသည့် အဆောက်အအုံများ အကြောင်းကို လူအများ ပိုမို သိရှိလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

အပြာရောင် ကမ္ဗည်းပြားများ တပ်ဆင်ခြင်းသည် ရန်ကုန်မြို့၏ သမိုင်းကို အထိရောက်ဆုံး နှင့် ထင်သာမြင်သာ အရှိဆုံး ဖော်ပြနိုင်မည့် နည်းလမ်းများ အနက်မှ တစ်ခု ဖြစ်ပြီး အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ကာ အဆိုပါ ကမ္ဗည်းပြားများမှ တစ်ဆင့် ရန်ကုန်မြို့၏ သမိုင်းကြောင်း နှင့် အမွေအနှစ်များ အကြောင်းကို အသက်အရွယ် မရွေး နယ်ပယ်စုံမှ ပြည်သူများ လေ့လာနိုင်မည်ဟု ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ယုံကြည်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.