Connect with us

Education & Health

တစ်နိုင်ငံလုံးတွင် မြွေဆိပ်ဖြေဆေးများ ထားနိုင်ရန် စီစဉ်

မြွေဆိပ်ဖြေ ဆေးရည်များ (ဓာတ်ပုံ - အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အနှံ့အပြားတွင် မြေဆိပ်ဖြေ ဆေးရည်များ ထားရှိနိုင်ရန် အတွက် အေးခဲစက်များကို စီစဉ်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကျေးလက် ဒေသများတွင် မြွေဆိပ် ဖြေဆေး ထားရှိရန်အတွက် မြွေဆိပ်ဖြေဆေး အရည်များကို အေးခဲစက်များတွင် ထားရှိရန်လိုအပ်ပြီး ယခုနှစ်အတွင်း အဆိုပါ မြွေဆိပ်ဖြေဆေး အရည်များကို အေးခဲနိုင်မည့် စက်များကို ထားရှိရန် စီစဉ်နေကြောင်း သိရသည်။

နှစ်စဉ် မြွေဆိပ်ဖြေဆေးများ အရေအတွက် တိုးမြှင့် ထုတ်လုပ်လျှက်ရှိပြီး ယခင်နှစ်က မြွေဆိပ်ဖြေဆေး အရေအတွက် ခြောက်သောင်း ထုတ်လုပ်ကာ ယခုနှစ်တွင် ရှစ်သောင်းအထိ တိုးမြှင့် ထုတ်လုပ်ထားသည်။

အဆိုပါ မြွေဆိပ် ဖြေဆေးများအား ဆေးသုတေသန ဌာနမှ သုတေသန ပြုလုပ်ခြင်း၊ စက်မှုဝန်ကြီး ဌာနမှ ထုတ်လုပ်ခြင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဖြန့်ဖြူး ပေးခြင်းတို့ကြောင့် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ရရှိ၍ မြွေကိုက်ခံရမှုကြောင့် သေဆုံးမှု လျော့နည်း လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.