Connect with us

Education & Health

မြွေဆိပ်ဖြေဆေးများကို ကမ္ဘောဒီးယားနိုင်ငံသို့ ပထမအသုတ်အဖြစ် တင်ပို့ ရောင်းချ

ရန်ကုန်မြို့ ကြို့ကုန်း ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ပြည်ထောင်စုဝန်ကြီး သွားရောက်လေ့လာစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပထမအသုတ်အဖြစ် တင်ပို့ ရောင်းချ ထားပြီးဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။

အဆိုပါ မြွေဆိပ်ဖြေဆေးများကို ဒေသတွင်းနိုင်ငံ များသို့ တင်ပို့ ရောင်းချရန် စီစဉ်ဆောင်ရွက်နေသည်။

ဆေးဝါးစက်ရုံ အင်းစိန်အနေဖြင့် BPIဆေးဝါးများကို GMP Guide Line နှင့်ညီစေရန်အတွက် ခေတ်မီဆေးဝါးထုတ်လုပ်မှု အဆောက်အအုံများ တည်ထောင်ပြီး လျာထားချက်ထက် တိုးမြှင့် ထုတ်လုပ်လျက်ရှိကြောင်း၊ BPI အမှတ်တံဆိပ်ဖြင့် ဆေးဝါးများအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တန်ဖိုး ၅၀ ဘီလီယံကျပ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းကထုတ်လုပ်သည့် BPIဆေးဝါးများအား ပြည်သူ လူထုမှ ယုံကြည်စွာ အားပေးလျက် ရှိသည့်အတွက် အရည်အသွေးဆက်လက်ထိန်းသိမ်း၍ GMP Guide Line နှင့်အညီ ထုတ်လုပ်ကြရန် ဈေးကွက် လိုအပ်ချက်ရှိသော ဆေးဝါးများကို တိုးမြှင့် ထုတ်လုပ်သွားရန်၊ ဈေးကွက်တွင် BPI ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေးစီမံဆောင်ရွက်သွားရန်၊ နိုင်ငံတကာအဆင့်မီ ခေတ်မီစက် များအား စနစ်တကျ ကိုင်တွယ်နိုင်ရေးနှင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး စီမံဆောင်ရွက်သွားရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

BPIဆေးဝါးများအား အတုအပမပြုလုပ်နိုင်ရန် ထုတ်ပိုးမှု ဆိုင်ရာများကို အဆင့်မြှင့် တင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဆင့်မီ ထုတ်ပိုးမှုပုံစံဖြစ်ရေး ပြည်တွင်းပြည်ပ လုပ်ငန်းရှင် များအား (EOI) ဖိတ်ခေါ်၍ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.