Connect with us

Education & Health

မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီကို ဥပဒေအညီ လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဆို

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဌတို့တွေ့ဆုံဆွေးနွေးစဉ်(ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းရပ်များနှင့် အညီ လွတ်လပ်သော အဖွဲ့အစည်း တစ်ရပ်အနေဖြင့် ဆောင်ရွက်စေလိုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဧည့်ခန်းမ၌ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဌ ဒေါ်နွဲ့နွဲ့ခင်နှင့် အဖွဲ့နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားသည်။သူနာပြုနှင့် သားဖွားများသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် အရေးကြီးသော ပညာရှင် (professional) များဖြစ်သောကြောင့် အရည်အသွေးအဆင့်အတန်းပိုမိုကောင်းမွန်စေရေး ဆောင်ရွက်စေလိုကြောင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများကို အရည်အသွေးအဆင့်အတန်း (accreditation) သတ်မှတ်ရာတွင် ကိုက်ညီရမည့် အချက်များကို သက်ဆိုင်သည့်သူများ သိနိုင်စေရန် ကောင်စီ၏ အင်တာနက်စာမျက်နှာတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ကောင်စီ အဖွဲ့ဝင်များ အချင်းချင်း အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ကာ သူနာပြုနှင့် သားဖွား လောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြသွားစေလိုပြီး ဝန်ကြီးဌာနမှ တတ်နိုင်သမျှပံ့ပိုးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ပုဂ္ဂလိကနှင့် အစိုးရ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများကို အရည်အသွေးအဆင့်အတန်း (accreditation) သတ်မှတ်နိုင်ရေးကိစ္စရပ်များ၊သူနာပြု/သားဖွားလိုင်စင် ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကို လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရန် ကိစ္စရပ်များ၊သူနာပြု/သားဖွားများ စဉ်ဆက်မပြတ်လေ့လာသင်ကြားမှု အခြေအနေ( continuing professional development) အပေါ်မူတည်၍ Credit points များသတ်မှတ်၍ လိုင်စင်သက်တမ်းတိုးရာတွင် ထည့်သွင်းစဉ်းစားရန်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ရုံးအဆောက်အဦသစ်တည်ဆောက်လိုသည့် ကိစ္စရပ်များကို မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဌ ဒေါ်နွဲ့နွဲ့ခင်က တင်ပြဆွေးနွေးခဲ့ကြောင် သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူး (သူနာပြု)၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.