Connect with us

Education & Health

အခြေခံပညာအထက်တန်းပြီးစီးခြင်းလက်မှတ်ပေး စနစ် စမည်

ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦစီးဌာန သတင်းစာရှင်းပွဲ ကျင်းပစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

တက္ကသိုလ်ဝင်တန်း(Grade 11) စာသင်နှစ် ပြီးဆုံးအောင် သင်ယူပြီးသူတို့အား အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိင်မည့် အခြေခံပညာ အထက်တန်း ပြီးစီးခြင်း လက်မှတ် (CC:_ Completion Certificate) ပေးအပ်မည့်စနစ်ကို ယခု တက်ရောက်နေသော ၂၀၁၈ _ ၁၉ စာသင်နှစ်မှ စတင်၍ ကျင့်သုံးမည်ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ယနေ့ ညနေပိုင်း သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

“အနာဂတ်မှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ တစ်ခုတည်းကနေ တက္ကသိုလ် ဆက်တက်ခွင့်၊ အဆင့်မြင့်ပညာတွေ သင်ယူခွင့် ရတာမျိုး မဟုတ်တော့ဘူး၊ တက္ကသိုလ်ဝင်ခွင့် မဖြေဘဲ CC ယူပြီး vocational training တွေ တက်နိုင်မယ်၊ diploma တွေ တက်နိုင်တယ်”ဟု ညွှန်ချုပ်က ပြောသည်။

အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ဖြေကြားနေစဉ်။(ဆင်ဟွာ)

ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း ရှင်းလင်းတင်ပြစဉ်။(ဆင်ဟွာ)

ထိုအစီအစဉ်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ချမှတ်ထားသည့် အမျိုးသး ပညာရေး မဟာဗျူဟာ စီမံကိန်းတွင်ပါဝင်ပြီး ဖြစ်သကဲ့သို့ အမျိုးသား ပညာရေး ဥပဒေတွင်လည်း ပါဝင်ပြီး ဖြစ်ကြောင်း၊ ယခုနှစ် ကျောင်းဖွင့်စ ဇွန်လတည်းက စနိုင်အောင်ကြိုးပမ်းခဲ့သော်လည်း အကြိမ်ကြိမ် အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းရမှုများကြောင့် ယခု သြဂုတ်လမှ စတင်နိုင်ခြင်းဖြစ်ကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်းများ၊ အထက်တန်းကျောင်း (ခွဲ)များ၊ တွဲဖက် အထက များ၊ ကိုယ်ပိုင်ကျောင်း (ယာယီ)များ၊ ကိုယ်ပိုင်ကျောင်း(စမ်းသပ်)များ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ တွင် အကောင်အထည်ဖော် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ CC ထုတ်ပေးနိုင်ရန် အဆိုပါ ကျောင်းများတွင် အရည်အသွေး အာမခံသော စစ်ဆေးရေးအဖွဲ့အစည်းများက ကျောင်းအခြေခံ စနစ်ဖြင့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ု ရှိ မရှိ စိစစ်ပြီးမှသာ CC ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ စံသတ်မှတ်ချက်များတွင် ကျောင်းခေါ်ကြိမ် ပြည့်မီခြင်းအပါအဝင် အချက် ခုနစ်ချက် ပါဝင်သော်လည်း မသန်စွမ်းကျောင်းသား၊ စစ်ဘေး၊ သဘာဝဘေးသင့် ဒေသရှိ ကျောင်းသား၊ ရွှေ့ပြောင်းလုပ်သားမိသားစုဝင် ကျောင်းသား စသည်တို့အတွက် ဖြေလျှော့ပေးသည့် ခြွင်းချက်များလည်း ရှိကြောင်း၊ အခြေခံပညာ ဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ထားသော ဦးစီးဌာနများ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ရှင်းလင်းဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.