Connect with us

Education & Health

ကိုယ်တိုင် သင်ယူစရာ အများကြီးရှိသေးတယ်ဆိုတဲ့ စိတ်ဓာတ် မွေးမြူဖို့ အင်မတန် အရေးကြီး

အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မိန့် ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်၊ ငါးနှစ်တာ ဆောင်ရွက်မည့် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းကို အောင်မြင်ရေးအတွက် ထိုစီမံကိန်းကို အကောင်အထည်ဖော်ကြသူ အားလုံးက မိမိတို့ကိုယ်တိုင် သင်ယူစရာ အများကြီး ရှိသေးသည် ဟူသည့် စိတ်ဓာတ်ကို မွေးမြူရန် အလွန် အရေးကြီးပါသည်ဟု နေပြည်တော် MICC II တွင် ယနေ့ နံနက်ပြုလုပ်သည့် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆ – ၂၀၂၀) စတင်ဆောင်ရွက်ခြင်း အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့ ပညာရေးစီမံကိန်းများကို ဦးဆောင်ပြီၤးတော့ အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်များ အားလုံးဟာ မိမိတို့ ကိုယ်တိုင် သင်ယူစရာ အများကြီးရှိသေးတယ်ဆိုတဲ့ စိတ်ဓါတ်ကတော့ မွေးမြူဖို့ အင်မတန် အရေးကြီးပါတယ်။ ငါတို့အားလုံးတတ်ပြီ၊ ငါတို့အားလုံးသိပြီလို့ ထင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုမှ ဆက်ပြီး သင်ယူလို့ မရပါဘူး။ ဒီတော့ ကိုယ်တိုင် တတ်ချင်၊ သင်ချင်တဲ့ ဆရာ ဆရာမများ ဒီ စီမံကိန်းများကို ဦးဆောင်တဲ့ ပုဂ္ဂိုလ်များကသာလျှင် ကျွန်မတို့ရဲ့ လူငယ်များနဲ့ ထပ်ပြီးတော့ ပညာရှာချင်တဲ့ နိုင်ငံသူနိုင်ငံသားများ သင်ယူ ချင်အောင်လို့ လမ်းပြနိုင်မှာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားတွင် စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ထို့အပြင် “လာမယ့် (၅) နှစ်တာ ကာလအတွင်းမှာ ကျောင်းသားလူငယ်များနဲ့ အရွယ်ရောက်တဲ့ ကလေးများ ဘဝတစ်သက်တာ ပညာသင်ယူမှှု ရရှိစေဖို့၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေဖို့ မြန်မာနိုင်ငံရဲ့ အမျိုးသား ပညာရေးစနစ်ကို အဓိကထား ပြောင်းလဲရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီပြောင်းလဲပေးရမှာက ပညာရေးကနေ စရမှာပါ။ ကျွန်မတို့ဟာ အမျိုးသား ပညာရေးမဟာဗျူဟာ စီမံကိန်းကို ချမှတ်တာကတော့ ဟုတ်ပါတယ်။ ဒီစီမံကိန်းအောင်မြင်ဖို့အတွက် အဓိက ဘာလိုအပ်မလဲ ဆိုတာ အားလုံး စဉ်းစားရမှာ ဖြစ်ပါတယ်။ ပညာရရှိရေးဆိုတာက အရေးကြီးဆုံးကတော့ သင်ယူချင် တဲ့ စိတ် ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ဆရာ/ဆရာမများ၊ ကျွန်မတို့ရဲ့ ပညာရေးမူဝါဒများ ချမှတ်ပြီး တော့ အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်များ အားလုံးဟာ ကျွန်မတို့ရဲ့ နိုင်ငံသူနိူင်ငံသားများ အားလုံး အကြားမှာ အသက်ကြီးအသက်ငယ်မရွေး သင်ယူချင်တဲ့ စိတ်များ ပေါ်လာအောင်လို့ ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်” ဟုလည်း သူမက ပြောခဲ့သည်။

ကျောင်းများနှင့် ပညာသင်ယူရာဌာန အားလုံးတွင် ကျောင်းသူကျောင်းသားများ၏ ပညာသင်ယူ တတ်မြောက်မှု သိသာ ထင်ရှား တိုးတက်လာရေးအတွက် ပိုမို တိုးတက် ကောင်းမွန်သည့် သင်ကြား သင်ယူမှု သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ထွန်းလာ စေရေး တို့သည် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း၏ ရည်မှန်းချက်များ ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာန အနေဖြင့်လည်း ကျောင်းနေအရွယ် ကလေးများ အားလုံး ကျောင်း နေရေး၊ ကျောင်းနေ မြဲရေး၊ ကလေးများအားလုံး အခြေခံပညာ မူလတန်း ပြီးမြောက်ရေး၊ ထိုမှတစ်ဆင့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ဆက်လက် သင်ယူ ပြီးမြောက်ရေးတို့ကို အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာရေးသာမက နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေး လုပ်ငန်းများ၊ အဆင့်မြင့်ပညာရေး လုပ်ငန်းမျာညး စနစ်တကျ ဖွံ့ဖြိုးရေးကို ဦးတည်လျက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဆိုပါ အခမ်းအနားတွင် ပြောခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်မှ ဥက္ကဋ္ဌများ၊ လွှတ်တော်နှစ်ရပ်မှ ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့များမှ လူမှုရေး ဝန်ကြီးများ၊ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီနှင့် အမျိုးသား ပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေး ကော်မတီဝင်များ၊ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဆက်စပ် ဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.