Connect with us

Education & Health

ဆေးလိပ် နှင့် ဆေးရွက်ကြီး ထုတ်ကုန်ပစ္စည်းများ၏ ထုပ်ပိုးခွံများပေါ်တွင် ကျန်းမာရေး သတိပေးချက်များ ထည့်သွင်း ဖော်ပြရန် မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်တော့မည်

ကျန်းမာရေး ထိခိုက်စေသည့် ဆေးလိပ်သောက်သုံးသူ လူငယ်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဆေးလိပ် နှင့် ဆေးရွက်ကြီး ထုတ်ကုန်ပစ္စည်းများ၏ ထုပ်ပိုးခွံများ အားလုံးပေါ်တွင် ကျန်းမာရေး သတိပေးချက် ရုပ်ပုံ နှင့် စာတမ်း များကို အလှည့်ကျ ထည့်သွင်း ဖော်ပြနိုင်ရေးအတွက် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရန် ဥပဒေပညာရှင်များ၏ အကြံပြုချက်များ နှင့် အညီ ဆောင်ရွက်ထားရှိပြီး မကြာမီတွင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင်က ပြောကြားခဲ့သည်။

ယခုအခါ ကမ္ဘာပေါ်တွင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ နာတာရှည် အဆုတ်လမ်းကြောင်းဆိုင်ရာ ရောဂါများ စသည့် မကူးစက်တတ်သောရောဂါ များ ဖြစ်ပွားမှုများပြားလာရခြင်း အကြောင်းရင်းများကို ရှာဖွေကြည့် ပါက ဆေးလိပ် နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းသုံးစွဲခြင်း၊ အရက် နှင့် ယမကာ များကို အန္တရာယ်ဖြစ်စေသည် အထိ သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှား မှုများ၊ လေ့ကျင့်ခန်းများ မပြုလုပ်ခြင်း၊ ကျန်းမာရေး နှင့် မဆီလျော်သော အစားအစာများ စားသောက်ခြင်း စသည့် လူနေမှုပုံစံ ပြောင်းလဲမှုများ နှင့် ဆက်စပ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

တစ်ကမ္ဘာလုံးတွင် သက္ကရာဇ် ၂၀၁၂ ခုနှစ်၌ ကင်ဆာလူနာသစ်ပေါင်း ၁၄.၁ သန်းခန့်ရှိခဲ့ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် ၂၂ သန်းအထိ ပိုမိုများပြားလာမည်ဟု WHO IARC ( International Agency for Research on Cancer ) မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးကဏ္ဍ အတွက် နိုင်ငံတော်အစိုးရမှ ဘဏ္ဍာငွေများကို ယခင်ကထက် တိုးမြှင့် ချထား ပေးလျက် ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကင်ဆာ ရောဂါကုသရေး အတွက် ခေတ်မီ စက်ကိရိယာ ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်ပေးခြင်း၊ ကျွမ်းကျင် ပညာရှင်များ ဖြည့်ဆည်းပေးခြင်း တို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ (Xinhua)