Connect with us

Education & Health

ဈေးကွက်အတွင်းရှိ ဆေးဝါးများကို စိစစ်ရာတွင် စပ်ဆေး အဖြစ် ပြန်လည် ထုတ်ပိုး၍ ရောင်းချနေသော ဆေးဝါးများ စစ်ဆေးတွေ့ရှိ

ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ဈေးကွက် အတွင်းရှိ ဆေးဝါးများကို စိစစ်ရာတွင် ဆေးဝါးများကို စပ်ဆေး အဖြစ် ပြန်လည် ထုတ်ပိုး၍ ရောင်းချနေသော ဆေးဝါး အမှတ်တံဆိပ် ၉ မျိုးကို စစ်ဆေးတွေ့ရှိရသဖြင့် ဆေးဝါး လုပ်ငန်းများ ၊ ဆေးဆိုင်များ၌ ကိုယ်ပိုင် အမှတ်တံဆိပ် အမျိုးမျိုးဖြင့် အနောက်တိုင်း ဆေးဝါးများကို ထုတ်လုပ် ထုတ်ပိုး ဖြန့်ဖြူး ရောင်းချခြင်း လုံးဝ မပြုကြရန် နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ဥပဒေအရ တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စပ်ဆေး အဖြစ် ပြန်လည် ထုတ်ပိုး၍ ရောင်းချနေသော ဆေးဝါး အမှတ်တံဆိပ် ၉ မျိုးမှာ Ever Life Pain Cure Powder(ကျောက်ဆူး တံဆိပ်) ၊ ကလေးများ အတွက် ကိုယ်ပူ ၊ အအေးမိ ၊ နှာစေး ၊ ချောင်းဆိုး ပျောက်ဆေး ၊ ရွှေစင် ချောင်းဆိုးပျောက်ဆေး ၊ ရွှေစင် အကိုက်အခဲ ပျောက်ဆေး ၊ သုံးရာသီ ကိုယ်ပူ ၊ ချောင်းဆိုး ၊ နှာစေး ပျောက်ဆေး ၊ သုံးရာသီ အကြောပြေ ၊ အဆစ်အမျက် ကိုက်ပျောက်ဆေး ၊ ဖျားနာ အကိုက်အခဲပျောက် ဆေးမှုန့်၊ မှင်ရောဂါ ပျောက်ဆေး တို့ဖြစ်ကြောင်း သိရသည်။

ထိုဆေးဝါးများကို အများပြည်သူများ သုံးစွဲမိပါက မလိုလားအပ်သော ဆေးဝါး ဘေးထွက် ဆိုးကျိုး အန္တရာယ်များ ၊ ဆေးယဉ်ပါးမှု အန္တရာယ်များ ခံစားရမည် ဖြစ်သည့်အတွက် ဝယ်ယူ သုံးစွဲခြင်း မပြုကြရန် သတိပေးထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.