Connect with us

Education & Health

ဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ အမျိုးသား ပွဲစဉ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက တံခွန်စိုက်ဆု ရ

အမျိုးသမီး ဘော်လီဘော ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်း နှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့  ပထမ တံခွန်စိုက်ဆု အတွက် ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် နဝမအကြိမ် နေပြည်တော် ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ၏ ယနေ့နံနက် ယှဉ်ပြိုင်သော ဗိုလ်လုပွဲတွင် အမျိုးသား ပွဲစဉ်၌ ဆောက်လုပ်ရေး ဝန်ကြီးဌာနက လည်းကောင်း၊ အမျိုးသမီး ပွဲစဉ်၌ ကာကွယ်ရေးဝန်ကြီးဌာနကလည်းကောင်း တံခွန်စိုက် ဆုဖလားများ အသီးသီး ရရှိခဲ့ကြသည်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) တွင် စက်တင်ဘာ ၁၁ ရက်နေ့မှ ယနေ့နံနက်ထိ အမျိုး သား အသင်း ကိုးသင်း၊ အမျိုးသမီး အသင်း ငါးသင်းတို့ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသား ပွဲစဉ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒုတိယနှင့် ကာကွယ်ရေးဝန်ကြီးဌာနက တတိယ ဆုများ ရရှိကြပြီး အမျိုးသမီးပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီး ဌာနက ဒုတိယနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက တတိယ ဆုများ အသီးသီးရရှိခဲ့ကြသည်။

အမျိုးသား ဘော်လီဘော ပွဲစဉ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်း နှင့် ဗဟိုဘဏ်အသင်းတို့ ပထမ တံခွန်စိုက်ဆု အတွက် ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးက တံခွန်စိုက် ဖလား ချီးမြှင့်နေစဉ် (ဆင်ဟွာ)

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးက တံခွန်စိုက် ဖလား ချီးမြှင့်နေစဉ် (ဆင်ဟွာ)

အဆိုပါ ပြိုင်ပွဲ၌ အမျိုးသမီး/ အမျိုးသား တံခွန်စိုက် ပထမဆု၊ ဒုတိယ ဆု၊ တတိယ ဆုများသာမက အကောင်းဆုံး စပေးဘောဆု၊ အကောင်းဆုံး ပင့်ထောင်ဆု၊ အကောင်းဆုံး ရိုက်ခုတ်ဆု၊ အကောင်း ဆုံး ပိတ်ဆို့ ဆု၊ အကောင်းဆုံး ခုခံ ဆယ်မဆုနှင့် အကောင်းဆုံး ဘော်လီဘော အားကစားသမား ဆုများကိုပါ ရွေးချယ်ချီးမြှင့်ခဲ့ကြရာ တံခွန်စိုက် ဆုများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးကလည်းကောင်း၊ ကျန်ဆုများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးအောင်အောင် တို့ကလည်းကောင်း အသီးသီး ချီးမြှင့် ပေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.