Connect with us

Education & Health

ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့စာပေးစာယူ အနီးကပ် သင်တန်းဖွင့်မည်

ရန်ကုန်ပညာရေးတက္ကသိုလ်ရှေ့တွင် လျှောက်လွှာဖြည့်နေသူတချို့ အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ပညာရေးဘွဲ့ စာပေးစာယူသင်တန်းသား ဆရာ ဆရာမများ ကိုယ်တိုင်တက်ရောက်ရမည့် အောက်တိုဘာ သင်တန်းကာလနှင့် ဧပြီ၊ မေ သင်တန်း ကာလတို့တွင် ဖြေဆိုရမည့်စာမေးပွဲများကို ရန်ကုန်ပညာရေးတက္ကသိုလ်၌ ကျင်းပ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အမှတ်စဉ်(၃၆)၏ ပထမနှစ်သင်တန်းကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ လည်းကောင်း၊ အမှတ်စဉ် (၃၅) ၏ဒုတိယနှစ် သင်တန်း အတွက် ၂ဝ၁၈ ဧပြီ၊ မေ သင်တန်းကာလကို ဧပြီ ၁၉ ရက်မှ မေ ၄ ရက်အထိ လည်းကောင်း နှစ်ကြိမ်ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းများအတွက် စာမေးပွဲကို မေ ၇ ရက်မှ မေ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလ နှစ်ကြိမ် တက်ရောက်ရန် အတွက် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၃ဝ ရက်နှင့် ၂ဝ၁၈ ခုနှစ် ဧပြီ ၁၈ ရက်တို့တွင် ရန်ကုန်ပညာရေး တက္ကသိုလ် စာပေးစာယူသင်တန်းဌာန၌ သတင်းပို့ရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.