Connect with us

Education & Health

တက္ကသိုလ်ဝင်စာမေးပွဲ (၁၀တန်း) အောင်စာရင်းများ ကို ဇွန်လ ၁၇ရက် နံနက်( ၀၆:၀၀) နာရီ တွင်ထုတ်ပြန်ကြေညာမည်

စာစစ်ဦးစီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- စာစစ်ဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

၂၀၁၇ – ခုနှစ် မတ်လတွင် ကျင်းပစစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ(၁၀တန်း)အောင်စာရင်းများ ကို ဇွန်လ ၁၇ရက်၊ စနေနေ့၊ နံနက်( ၀၆:၀၀) နာရီ အချိန်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ သိရသည်။

အဆိုပါအောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ကြောင်း၊ ထို့အပြင်အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ရန်ကင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ၊ဒဂုံမြို့နယ် အမှတ် ( ၂ ) အခြေခံပညာ အထက်တန်းကျောင်း နှင့်သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် ( ၁ ) အခြေခံပညာ အထက်တန်းကျောင်း တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၏ အောင်စာရင်း များကို ကပ်ထားပေးမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး /ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ပညာရေးမှူးရုံးများတွင်လည်းကောင်း ၊ ခရိုင်အလိုက်သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူး ရုံးများတွင် လည်းကောင်း ၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လည်းကောင်း (၁၇-၆-၂၀၁၇) ရက်နေ့နံနက်(၆)နာရီ နောက်ပိုင်းတွင်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အောင်စာရင်း ထုတ်ပြန်မည့် ( ၁၇ – ၆ – ၂၀၁၇ ) ရက်နေ နံနက်( ၆ ) နာရီ တွင် မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန၏ ဝက်ဆိုက်ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက် ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ကြောင်း စာစစ်ဦးစီးဌာန မှ အသိပေးချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.