Connect with us

Education & Health

ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်ရာတွင် ကုန်ကျမှုသက်သာပြီး ထိရောက်လျင်မြန် စွာ အကောင်အထည်ဖေါ်နိုင်ရေး ဆွေးနွေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မှုဆိုင်ရာ အစည်းအဝေးကျင်းပစဉ်(ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်ရာတွင် ကုန်ကျမှုသက်သာပြီး ထိရောက်လျင်မြန် စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် The Rangoon General Hospital Reinvigoration Charitable Trust Fund. Article-25 အဖွဲ့မှ ဗိသုကာပညာရှင် Mr. Robin Crossတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးစဉ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများအတွက် စီမံခန့်ခွဲအုပ်ချုပ်မှုအဖွဲ့ Executive Management Team ဖွဲ့စည်း၍ master plan ကို ကုန်ကျမှုသက်သာစွာဖြင့် ထိရောက်လျင်မြန် စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးကိစ္စ၊ အသစ်ဆောက်လုပ်မည့်လူနာဆောင်များ၏ design ပုံစံများ၊ ဆေးရုံစွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေးနှင့် စီခံခန့်ခွဲရေး၊ ဘဏ္ဍာရန်ပုံ ငွေများ နှစ်ရှည်ကြိုတင်လျာထားပြီး ဆောင်ရွက်နိုင်ရေး၊ ရန်ကုန်ဆေးရုံကြီး ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် လူနာစောင့်မိသားစုဝင်များ နားနေရာအဆောင်များ ဆောက်လုပ်ရေးနှင့် စနစ်တကျ စည်းကမ်းများချမှတ်လိုက်နာစေရေး၊ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး ကိစ္စရပ်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးရေး ဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များကို ဗိသုကာပညာရှင် Mr. Robin Cross က ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန် ဆေးရုံကြီးသို့လာရောက်ကုသသော လူနာများလျော့ကျသွားရေးအတွက်လည်း လူနာလွှဲပြောင်း လက်ခံကုသရေးစနစ်များ ချမှတ်ဆောင်ရွက်ရေး၊ ဆေးရုံဆင်းလူနာများကို ရန်ကုန်ဆေးရုံကြီး တွင် မဟုတ်ဘဲ အခြားသင့်လျော်သောနေရာဒေသများတွင် ပြန်လည်ကြည့်ရှုပေးရန် စီစဉ်ခြင်းများကိုလည်း

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မေ ၂၈ ရက် နေ့လယ်ပိုင်းအချိန်တွင် The Rangoon General Hospital Reinvigoration Charitable Trust Fund. Article-25 အဖွဲ့မှ ဗိသုကာပညာရှင် Mr. Robin Cross အား နေပြည်တော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.