Connect with us

Education & Health

အခြေခံပညာ ကဏ္ဍအတွက် ထူးချွန်ဆရာဆု ဗဟိုအဆင့် ရွေးချယ်မှုကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင်ဆောင်ရွက်မည်

ကလေးငယ်များ စာသင်ကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

အခြေခံပညာ ကဏ္ဍအတွက် ထူးချွန်ဆရာဆု ဗဟိုအဆင့် ရွေးချယ်မှုကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ဆောင်ရွက်မည် ဖြစ်ပြီး ထူးချွန်ဆုရှင် ဆရာကိုးဦးကို ရွေးချယ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ထူးချွန်ဆု ရွေးချယ်ခြင်းကို ပညာ တန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း တို့က ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ဆုရွေးချယ် ရာတွင် အခြေခံမူများ အဖြစ် အခြေခံပညာ ကျောင်းများ၌ တာဝန်ထမ်းဆောင် နေသော အခြေခံပညာ မူလတန်း အဆင့်၊ အခြေခံပညာ အလယ်တန်း အဆင့် နှင့် အခြေခံပညာ အထက်တန်း အဆင့်များတွင် သင်ကြားလျက် ရှိသော ဆရာ၊ ဆရာမများ ဖြစ်ရန်၊ ပညာရေး အမှုထမ်းအဖြစ် ၂ဝ၁၆ ခုနှစ် ဇွန်လတွင် လုပ်သက်သုံးနှစ် ထက်မနည်း ရှိသူဖြစ်ရန်၊ အကျင့်စာရိတ္တ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပင်ကိုယ် အရည်အသွေးနှင့် ပတ်သက်၍ လည်းကောင်း ဗဟိုမှ ပေးပို့မည့် ကိုယ်ရေး အချက်အလက် ပုံစံတွင် ထူးချွန်ဆရာ ကိုယ်တိုင် တာဝန်ခံဖြည့်စွက် တင်ပြရန်နှင့် ဗဟိုအဆင့်တွင် ရေးဖြေ၊ နှုတ်ဖြေအပြင် လက်တွေ့ သင်ကြားပြသရန် စသည့်အချက် များ သတ်မှတ် ထားသည်။

ယင်း ထူးချွန်ဆရာဆု အတွက် ကျောင်းအဆင့် ရွေးချယ်ခြင်းကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က လည်းကောင်း၊ မြို့နယ်အဆင့် ရွေးချယ်ခြင်းကို စက်တင်ဘာ ၂၅ ရက်က လည်းကောင်း ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် ရွေးချယ်ခြင်းကို နိုဝင်ဘာ ၁၃ ရက်တွင် လည်းကောင်း၊ ဗဟိုအဆင့် ရွေးချယ်ခြင်း ကို ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.