Connect with us

Education & Health

အခြေခံပညာရေး ဥပဒေ ပြည့်စုံကောင်းမွန်ရန် အလွှာစုံ ပါဝင်ရေး အဆိုကို လွှတ်တော်က အတည်မပြု

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အခြေခံပညာ ဥပဒေ ရေးဆွဲရာတွင် ကောင်းမွန် ပြည့်စုံပြီး လူထု သဘောထား အမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်း ပါဝင်မှုများ ထင်ဟပ်သော ဥပဒေကောင်း တစ်ရပ် ပေါ်ထွန်းရေးအတွက် လူထု လူတန်းစား အလွှာစုံပါဝင်သော အခြေခံပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော် ယနေ့အစည်းအဝေး၌ ယနေ့ဆွေးနွေးအပြီးတွင် လွှတ်တော်က ထိုအဆိုကို အတည်မပြုကြောင်း ကြေညာခဲ့သည်။

မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီဝင် ဒေါက်တာ မောင်သင်းက ပြီးခဲ့သည့် သီတင်းပတ်၌ တင်သွင်းခဲ့သော ၎င်း အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးတို့က ဆွေးနွေး ခဲ့ကြပြီး လွှတ်တော်၏ သဘောထားကို ဆန္ဒမဲဖြင့် ရယူသည့်အခါ အဆိုကို ကန့်ကွက်သည့် ဆန္ဒမဲက များသဖြင့် လွှတ်တော်က အတည်မပြုကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးကြသူများအနက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး လှနိုင်က ထောက်ခံဆွေးနွေးရာတွင် “အခြေခံပညာရေး ဥပဒေ ရေးဆွဲရာမှာ ကောင်းမွန်ပြည့် စုံရေးအတွက် ပြည်သူလူထုရဲ့ သဘောထားတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖို့လိုအပ်တဲ့ အတွက် ဒီအဆိုကို ထောက်ခံပါတယ်” ဟု ပြောခဲ့သည်။ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် လေးဦးနှင့် ရခိုင်ပါတီဝင် ကိုယ်စားလှယ် နှစ်ဦးတို့ကလည်း “ပညာရေးသည် အမျိုးသားရေး ဖြစ်သောကြောင့် အခြေခံပညာရေး ဥပဒေ ရေးဆွဲရာတွင် လူထု လူတန်းစား အလွှာစုံတို့ ကျယ်ကျယ်ပြန့်ပြန့်ပါဝင် ဆွေးနွေး သင့်သည်” ဟု ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ကျန်သည့် NLD အမတ် ၁၀ ဦးအနက် အဆိုကို တစ်ဦးက ထိုအဆိုကို မူအားဖြင့်သာ ထောက်ခံကြောင်း၊ လက်တွေ့ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် အချိန် ကြန့်ကြာမှုများ ရှိလာနိုင်ခြင်းကို စဉ်းစားသင့်ကြောင်း အကြံပြု ဆွေနွေးခဲ့သည်။ အခြား NLD ကိုယ်စားလှယ် ကိုးဦးတို့ကမူ ကန့်ကွက် ခဲ့ကြသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပညာရေးကို စိတ်ဝင်စားသော မိဘပြည်သူများ၊ ပညာရေးနှင့် ဆက်နွယ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူထု လူတန်းစား အဖွဲ့အစည်းများ ပါဝင်သည့် ပညာရေး ဆွေးနွေးမှုများ နှီးနှော ဖလှယ်ပွဲများကို နိုင်ငံတစ်ဝန်းရှိ နေရာ ၄၃ နေရာတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြောင်း၊ ဥပဒေကြမ်း ရေးဆွဲပြီးသည့်အခါ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်သည့် လွှတ်တော်သို့တင်ပြ ဆွေးနွေးကြဦးမည် ဖြစ်၍ လွှတ်တော် ကိုယ်စား လှယ်များက မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒများ၊ အကြံပြုချက်များကို ဥပဒေနှင့်အညီ ထပ်မံ ဖြည့်စွက်နိုင်ကြောင်း၊ ပညာရေး ဆိုင်ရာ ဥပဒေများ၊ မူဝါဒများနှင့် အစီအမံများကို အမျိုးသား ပညာရေး ဥပဒေနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လွှတ်တော်သို့ ရှင်းပြပြီး အဆိုကို အတည် မပြုသင့်ကြောင်း ပြောကြားခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားကို မေးသည့်အခါ အဆိုရှင် ဒေါက်တာ မောင်သင်းက လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူပါမည်ဟု ပြောသဖြင့် ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ဆန္ဒမဲခွဲ၍ ရယူသည့်အခါ ယနေ့ တက်ရောက်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၉၈ ရှိသည့်အနက် ၁၅၁ ဦးက ထောက်ခံသော်လည်း ၂၃၀ ဦးတို့က ကန့်ကွက်ခဲ့ကြသဖြင့် အဆိုကို လွှတ်တော်က အတည်မပြုကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.