Connect with us

Education & Health

အသင့်ဖျော် ကော်ဖီမစ် စက်ရုံများသို့ ဝင်ရောက် စစ်ဆေး၊ ရလဒ်များကို နှစ်ပတ်အတွင်း သတင်း ထုတ်ပြန်မည်

အသင့်ဖျော် ကော်ဖီမစ် စက်ရုံများသို့ ဝင်ရောက် စစ်ဆေး၊ ရလဒ်များကို နှစ်ပတ်အတွင်း သတင်း ထုတ်ပြန်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အသင့်ဖျော် ကော်ဖီမစ် ထုပ်များ ထုတ်လုပ်ရာ၌ အုန်းမှုတ်ခွံနှင့် မန်ကျည်းစေ့များ ကြိတ်၍ ထည့်သွင်းသည် ဟု သတင်းတချို့ ထွက်ပေါ် နေခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကော်ဖီ စက်ရုံ များသို့ ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရလဒ်များကို နှစ်ပတ် အတွင်း သတင်း ထုတ်ပြန် သွားမည် ဖြစ်ကြောင်း အစား အသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန (FDA) မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

စစ်ဆေးရာတွင် ပြည်တွင်းမှ နာမည်ကြီး ကော်ဖီ တံဆိပ်များ အပြင် တခြားကော်ဖီ ထုတ်လုပ်သော စက်ရုံ ၁၂ ရုံကို ဖေဖော်ဝါရီလ ၆ ရက်က အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန FDA နှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်တွင်း ဈေးကွက် အတွင်း ရောင်းချနေသည့် အသင့်ဖျော် ကော်ဖီမစ် ထုပ်များ အတွင်း အုန်းမှုတ်ခွံ အမှုန့်၊ မန်ကျည်းစေ့ များကို ရောနှော ထုတ်လုပ် နေသဖြင့် ကျန်းမာရေး အတွက် အန္တရာယ် ရှိသည်ဟု သံသယရှိ သောကြောင့် ကော်ဖီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများကို စံချိန် စံညွှန်း နှင့် ညီ၊ မညီ၊ တခြား အရောအနှောများ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးရန် နမူနာ ပစ္စည်း များကို ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်း တာဝန်ရှိသူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.