Connect with us

Education & Health

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆရာဝန် အင်အား ဖြန့်ကြက်မှု ၃၅,၀၀၀ ကျော်သာ ရှိနေပြီး ဆရာဝန်များ ပိုမို မွေးထုတ်ပေးရန် လိုအပ်ဟုဆို

ဆေးတက္ကသိုလ် (၁) ရန်ကုန် အားတွေ့ရစဉ် (ဓာတ်ပုံ-wikipedia)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဆရာဝန် အင်အား ဖြန့်ကြက်မှုမှာ သုံးသောင်း ငါးထောင်ကျော်သာ ရှိနေသေးသည့် အတွက် ဆရာဝန်များ ပိုမို မွေးထုတ်ပေးရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

ကျန်းမာရေး ကဏ္ဍ အသုံးစရိတ်သည် ၂၀၁၁ ခုနှစ်တွင် ကျပ် ၈၆ . ၅၈ ဘီလီယံ ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ကျပ် ၈၁၄ . ၃၇ ဘီလီယံ အထိ ရှိလာခဲ့ကြောင်း၊ လွန်ခဲ့သည့် (၅) နှစ် အတွင်း ဆေးရုံ ၂၂၅ ရုံ တိုးချဲ့ ဖွင့်လှစ် ခဲ့ပြီး ဆေးရုံ ၁၀၀ ကို အဆင့် မြှင့်တင်ပေးခဲ့ကြောင်း၊ ခရိုင်၊ မြို့နယ် ကုသရေး ဆေးရုံ ၄၂၁ ရုံကို အသစ် တည်ဆောက် ဖွင့်လှစ် ပေးနိုင်ခဲ့ သကဲ့သို့ ကျေးလက် ကျန်းမာရေး ဌာန ၂၂၅ ခု၊ တိုင်းရင်း ဆေးရုံ ၄၄ ရုံ၊ သူနာပြု သားဖွား ကျောင်း ၉ ကျောင်းကို အသစ် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံတွင် ကျေးရွာပေါင်း ၆၄,၀၀၀ ကျော်ရှိရာ တစ်ရွာလျှင် ကျန်းမာရေး ကျွမ်းကျင်သူ တစ်ဦး ရှိနေမည် ဆိုပါက ပိုမို ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.