Connect with us

Education & Health

အိပ်ချ်အိုင်ဗွီ တီဘီနှင့် ငှက်ဖျားရောဂါများ အတွက် ဇွန်လအတွင်း အဆိုပြုလွှာ ပေးပို့ လျှောက်ထားမည်

HIV/AIDS Logo အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

အိပ်ချ်အိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားရောဂါများ အတွက် ကမ္ဘာ့ ရန်ပုံငွေ အဖွဲ့ (The Global Fond) သို့ လျှောက်ထားမည့် Concept Note (မူကြမ်း၂ဝ၁၇-၂ဝ၂ဝ) အတွက် အဆိုပြုလွှာကို ဇွန်လ အတွင်း ပေးပို့ လျှောက်ထားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ရောဂါ တိုက်ဖျက်ရေး စီမံချက်များထဲမှ ရေးဆွဲထားသော အမျိုးသား ရောဂါ တိုက်ဖျက်ရေး နည်းဗျူဟာ စီမံကိန်း (၂ဝ၁၆-၂ဝ၂ဝ) များကို လည်းကောင်း၊ ထိုရန်ပုံငွေ အဖွဲ့သို့ အဆိုပြု တင်ပြမည့် ဦးစားပေး လုပ်ငန်းစဉ်များနှင့် ထပ်မံ ခန့်မှန်း ထားသည့် ရန်ပုံငွေ လျာထားချက်များကို လည်းကောင်း ပါဝင် ရေးဆွဲထားကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ထိရောက်စေရန် မိတ်ဖက် အဖွဲ့အစည်းများ အတွက်လည်း မြန်မာ့ ကျန်းမာရေး ကဏ္ဍ ပေါင်းစပ် ညှိနှိုင်းမှု ကော်မတီကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပြန်လည် ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ အဆိုပါ ကော်မတီကို ၂ဝ၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး မိတ်ဖက်အဖွဲ့ အစည်းများကို ညှိနှိုင်း ဆောင်ရွက်ပေးကာ သက်ဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်း ပေါင်းစပ် ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.