Connect with us

Education & Health

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျှောက် အရေးပေါ်လူနာ ကုသရေးစခန်းများ ဖွင့်လှစ်မည်

အမြန်လမ်း အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် ကျန်းမာရေး ဝန်ကြီးဌာန ကုသရေး ဦးစီးဌာနမှ အရေးပေါ်လူနာ ကုသရေးစခန်း များကို ယခုလအတွင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အရေးပေါ်လူနာ ကုသရေးစခန်း များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့၊ အရန် မီးသတ်တပ်ဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ သည် အသက်ကယ် ပစ္စည်းဆေးဝါးများ ပါရှိသည့် လူနာတင်ယာဉ် ၁၁ စီးနှင့် အရန် ယာဉ် အစီး ၂ဝ ကို အသုံးပြုပြီး နေပြည်တော် ရှိ ခုတင်-၁ဝဝဝ ဆံ့ ဆေးရုံကြီး အတွင်းရှိ Call Center မှ ထိန်းချုပ်၍ အမြန်လမ်းမကြီး တစ်လျှောက် နီးစပ်ရာ ဆေးရုံများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် အရေးပေါ်လူနာ ကုသရေး စခန်းများကို ဖွင့်လှစ်ရာတွင် အမြန်လမ်း အစဖြစ်သည့် လှည်းကူးမြို့နယ် ၌ လူနာတင်ယာဉ် တစ်စီးထားရှိပြီး မိုင် ၄ဝ ဘုရားကြီး တိုက်နယ်ဆေးရုံ၊ ၈၄ မိုင် ဖဒိုတိုက်နယ် ဆေးရုံ ခေါ် မြို့ချောင်းဆေးရုံ၊ ၁ဝ၅ မိုင် ဖြူးမြို့နယ်ဆေးရုံ ၊ ၁၄၈ မိုင် တောင်ငူခရိုင် ဆေးရုံ၊ ၁၉၈ မိုင် လယ်ဝေး မြို့နယ်ဆေး ရုံ၊ ၂ဝ၂ မိုင် နေပြည်တော် ခုတင် – ၁ဝဝဝ ဆံ့ဆေးရုံ၊ မိုင်၂၃ဝ ပြင်စည် တိုက်နယ်ဆေး ရုံ၊ မိုင်၂၇ဝ အလယ်ရွာ တိုက်နယ်ဆေးရုံ၊ မိုင်၂၈ဝ မိတ္ထီလာ ခရိုင်ဆေးရုံ၊ မိုင် ၃၄ဝ တံတားဦး မြို့နယ်ဆေးရုံ တို့အတွက် လုပ်ငန်းအရန် အရေးပေါ် လူနာတင်ယာဉ် ၁၁ စီးနှင့် အရန်ယာဉ် အစီး ၂ဝ စုစုပေါင်း ၃၁ စီးတို့ဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး အရေးပေါ် ကုသရေး ဝန်ထမ်း ၁၂၈ ဦးကိုလည်း ရွေးချယ်ကာ သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် – မန္တလေး အမြန် လမ်းမကြီး စတင်ဖွင့်လှစ် ခဲ့သည့် ၂ဝဝ၉ ခုနှစ်မှ စတင်၍ ၂ဝ၁၆ ခုနှစ်အထိ စာရင်းများအရ အမြန် လမ်းမကြီး၌ ယာဉ်မတော်တဆ ဖြစ်ခြင်းမှ ဒဏ်ရာရရှိသူ ၃ဝဝဝ ကျော်နှင့် သေဆုံးသူ ၆ဝဝ ကျော်အထိ ရှိကြောင်းနှင့် အမြန် လမ်းမပေါ်၌ မောင်းနှင်သော ယာဉ်များသည် သတ်မှတ်မိုင်နှုန်း ၁ဝဝ ထက် မကျော်လွန်ရန် သတိပေး ဆိုင်းဘုတ်များ စိုက်ထူ ထားသော်လည်း အရေးယူခြင်း မရှိသည့် နောက်ပိုင်းတွင် သတ်မှတ် မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်ကြပြီး အဝေးပြေး ယာဉ်လိုင်း ၁၇၄ လိုင်းမှ ယာဉ်များကို မိုင်နှုန်းကျော် မောင်းသည့် အတွက် ၁၂၁၈ ကြိမ်တိုင်တိုင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတိပေး ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.