Connect with us

Education & Health

၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စာရင်း ယနေ့စတင်ထုတ်ပေး

၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြည့်နေသူများ(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူနှင့် ကျရှုံးသူများ၏ ရမှတ်စာရင်းကို ယနေ့ ဇွန် ၁၉ ရက်နေ့မှ စတင်၍ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ရမှတ်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဇွဲကပင်ဆောင်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့နှင့် ရုံးအမှတ် (၅၂)၊ နေပြည်တော်တို့တွင် စတင်ထုတ်ပေးလျက်ရှိသည်။၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင်ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် ဖြေဆိုသူကျောင်းသားပေါင်း ၇၁၆,၁၈၈ ရှိခဲ့ပြီး အောင်မြင်သူ၂၄၂,၇၃၆ ဦး ရာခိုင်နှုန်းအားဖြင့် ၃၃.၈၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.