Connect with us

Education & Health

H1N1 ရောဂါဖြစ်ပွားသူ ၂၆၂ဦးရှိပြီး သေဆုံးသူ ၂၆ ဦးထိရှိ

ရာသီ တုပ်ကွေး ရောဂါပိုးကြောင့် နှာခေါင်းစည်း အုပ်၍ သွားလာနေသည့် ရန်ကုန်မြို့နေ ပြည်သူလူထုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါ လက္ခဏာဖြင့် ပြသသူ ၆၈၇ ဦးရှိပြီး Influenza A(H1N1)pdm09 ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ၂၆၂ ဦးရှိပြီး သေဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ် ၁၆ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် (၁၅) ရက် မွန်းလွဲ ၂ နာရီမှ သြဂုတ် ၁၆ ရက် မွန်းလွဲ ၂ နာရီအထိ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 သံသယလူနာ (၃၉)ဦး အား ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွင် H1N1 ပိုးတွေ့လူနာ ၂၀ တွေ့ရှိခဲ့ရပြီး ထပ်မံ သေဆုံးသူလူနာ (၁) ဦးရှိကြောင်း သိရသည်။ ကချင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ဖြစ်ပွားမှု၊ သံသယလူနာ တွေ့ရှိမှု၊ သေဆုံးမှု လုံးဝမရှိကြောင်း။ဇူလိုင် (၂၁)ရက်မှ ယနေ့ မွန်းလွဲ ၂ နာရီ အထိ ကျန်တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရာသီ တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၂၆ဦးထိရှိလာကြောင်း သိရသည်။H1N1 ပိုးတွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုး ကျိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြားရောဂါအခံများကြောင့် ယနေ့အထိသေဆုံး သူ စုစုပေါင်း (၁၉)ဦးရှိသည်။

ယနေ့ မွန်းလွဲ ၂ နာရီအထိအထူးကုဆေးရုံကြီး (ဝေဘာဂီ) တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၆)ဦး၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၅၂)ဦး၊ စုစုပေါင်း (၅၈)ဦးဆက်လက်ဆေးဝါး ကုသမှုခံယူ လျက်ရှိပြီး အများစုမှာ သက်သာလျက်ရှိကြောင်း သိရသည်။

ယနေ့ H1N1 ပိုးတွေ့လူနာ ၂၀ အနက် တစ်အိမ်တည်းအတူနေမိသားစုဝင် (၃)ဦး၊ အဆောက်အဦတစ်ခု အတွင်း လူစုလူဝေးနှင့် နေထိုင်သူများမှ (၃) ဦးတို့တွင် H1N1ပိုး စမ်းသပ်တွေ့ရှိရသဖြင့် အတူနေထိုင်သူ များ အကြားတွင် ရောဂါပိုးကူးစက်နိုင် သည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နှိုးဆော်ချက်များအတိုင်း အထူးအလေးဂရုပြုလိုက်နာကြပါရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.